ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူပေါင်း ၂၄၀၀ ကျော်မှာ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့တွေက မတ်လ ၂၁ ရက်မှာ ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
၎င်းတို့တွေဟာ နေရာထိုင်ခင်း ခက်ခဲတဲ့၊ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့ပြီး အစားအစာ မလုံလောက်တဲ့ စခန်းတခုမှာ ထိန်းသိမ်းခံထားရကြောင်း လူကုန်ကူးခံရသူများဆိုင်ရာ နိုင်ငံသားများကွန်ရက်ရဲ့ ညှိနှိုင်းရေးမှူး Jay Kritiya က ပြောတာပါ။
“ကိုယ်ဝန်သုံးလကနေ လေးလအထိ လွယ်ထားရသူ အမျိုးသမီး ၁၂ ယောက်ရှိတယ်၊ သူတို့ထဲက တယောက်တော့ လွန်ခဲ့တဲ့ နှစ်ရက်က ကိုယ်ဝန်ပျက်ကျသွားခဲ့ပြီ” လို့ Jay က ဆိုပါတယ်။
အမျိုးသမီးတချို့ကတော့ သူတို့ရဲ့ ကိုယ်ဝန်တွေဟာ ကျားဖြန့်လုပ်ငန်းတွေထဲ ဖမ်းဆီးခံထားခဲ့ရစဉ် အဓမ္မကျူးလွန်ခံခဲ့ရတာကြောင့် ရရှိခဲ့တာဖြစ်ကြောင်း ပြောဆိုတယ်လို့ ဒေသခံသတင်းတချို့မှာ ဖော်ပြပါတယ်။
ထိုင်းအနေနဲ့ မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းတွေကနေ တရုတ်နိုင်ငံသားအများစုအပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်က လူပေါင်း ၇,၃၇၂ ဦးကို နေရပ်ပြန်ပို့ရေး ညှိနှိုင်းဆောင်ရွက်နေတာပါ။
ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သောကြာနေ့က ပြောဆိုချက်မှာတော့ လူပေါင်း ၂,၄၀၀ ကျော် နယ်စပ်မှာရှိနေပြီး မိခင်နိုင်ငံပြန်ကြဖို့ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။
ကိုယ်ဝန်သည်တွေရှိနေပြီး DKBA က ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းကို လူကုန်ကူးခံရသူများဆိုင်ရာ နိုင်ငံသားများကွန်ရက်က ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာ သွားရောက်ခဲ့ကြောင်း Reuters မှာ ဖော်ပြပါတယ်။
DKBA အနေနဲ့ တခြားသူတွေကို အလုံအလောက် စောင့်ရှောက်ပေးနေပေမဲ့ ကျန်းမာရေးအရ ဂရုစိုက်ဖို့လိုတဲ့ အဆိုပါကိုယ်ဝန်သည်တွေအတွက်တော့ အရင်းအမြစ်ကန့်သတ်မှုတွေနဲ့ အကူအညီလိုအပ်မှုတွေ ရှိနေကြောင်း၊ ၎င်းတို့ကို ထိုင်းဘက်ခြမ်းကို လွှဲပြောင်းဖို့ကိုလည်း ထိုင်းအာဏာပိုင်တွေထံ တောင်းဆိုထားကြောင်း အရပ်ဘက်ကွန်ရက်အဖွဲ့က ဆိုပါတယ်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဗုဒ္ဓဟူးနေ့က စာထဲမှာတော့ ၎င်းတို့ရဲ့တောင်းဆိုချက်ကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေထံ ပြန်လည်ပေးပို့ထားကြောင်း ဖော်ပြပါတယ်။
ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးတွေကို ဦးဆောင်နေတဲ့ ထိုင်းထိပ်တန်းရဲအရာရှိရဲ့ ယခုသီတင်းပတ်ထဲ Reuters ကို ပြောဆိုချက်အရ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေထဲမှာ ခန့်မှန်းခြေလူ ၁ သိန်းခန့် ဆက်လက်လုပ်ငန်းလည်ပတ်နေကြောင်း ဆိုထားပါတယ်။
ကျားဖြန့်လုပ်ငန်းများမှ လွတ်မြောက်လာသူတွေထဲမှာ အဓမ္မကျင့်ခံရလို့ ကိုယ်ဝန်ရှိသူများ ရှိနေကြောင်းကို ၄င်းတို့မသိရှိခဲ့ကြောင်း အဆိုပါကျားဖြန့်လုပ်ငန်းများကို မြေငှားရမ်းပြီး အကျိုးအမြတ်များစွာရရှိနေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တာဝန်ရှိသူများက ဆိုခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရပါတယ်။
News- Reuters/ Photo-The NationThailand
0 Shares:
You May Also Like
Read More

မွန်ပြည်နယ်တဝိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံမှ အကြောင်းပြချက်မျိုးစုံဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မယ်လို့ စစ်ကောင်စီ ထုတ်ပြန်

စစ်ရိပ်စစ်ငွေ့သန်းနေပြီး တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားလာနိုင်တဲ့ ကျောက်ဖြူမြို့မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်သွားမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
Read More

စစ်ကိုင်းတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကင်းရွာရှိ နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကင်းရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရှေ့တန်းရောက် ရဲဘော်များအတွက် အသက်ကယ် စစ်ပစ္စည်းများ သွားရောက်ပေးအပ် (ဓာတ်ပုံသတင်း)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေတဲ့ ရဲဘော်တွေအတွက် အသက်ကယ် စစ်အသုံးအဆောင်ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

“Happy Birthday Suu” ဟူသည့် ဆုတောင်းဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည့် MDY-PDF ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ စစ်ရေးဌာနကြီးလက်အောက်ရှိ တပ်ရင်း/ဌာနတွေက ရဲဘော်ရဲမေတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရအဖြစ် ရိုက်ကူးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေမွန်ရဲ့ နှုတ်ဆက်ပွဲမှာ ပရိတ်သတ်တွေကို အပြီးတိုင် နှုတ်ဆက်သွားတဲ့ အဆိုတော် အဒီနို

တော်လှန်ရေးကာလအတွင်း တောတွင်းတနေရာမှာ အသက်ပေးလှူသွားတဲ့ Idiots အဖွဲ့ဝင် ရေမွန်အတွက် အမှတ်တရပွဲမှာ ပါဝင်သီဆိုခဲ့တဲ့ အဆိုတော်အဒီနိုဟာ စင်ပေါ်မှာ သီချင်းသီဆိုနေရင်းမှာပဲ နှလုံးဖောက်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ သိရပါတယ်။ Idiots Farewell Tour - IDF ကို ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီ၊ Eastern Yangon Event Park မှာ ကျင်းပခဲ့တာဖြစ်ပြီး ပါဝင်သီဆိုနေတဲ့ Fever 109 ရဲ့ အဆိုရှင်ဖြစ်သူ အဒီနိုဟာ ရေမွန်ရဲ့ “မငိုပါနဲ့တော့” ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာပဲ စင်ပေါ်မှာ လဲကျသေဆုံးခဲ့တာဖြစ်ပါတယ်။