ရန်ကုန်မြို့က သမိုင်းဝင် ခြံအမှတ် (၅၄) ကိုလျှော့စျေးနဲ့ လေလံတင်၊ မတင် မကြာခင်ရက်ပိုင်းအတွင်းတရားရုံးက ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ အမွေဆိုင် နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ အင်းလျားကန်ဘေးက ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေးကြိမ်မြောက် လေလံတင်မဲ့အပေါ် နှစ်ဖက်ရှေ့နေတွေက ကမာရွတ်ခရိုင်တရားရုံးမှာ မတ်လ ၂၀ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ပါတယ်။
ခြံအမှတ် (၅၄) ရဲ့ လေလံကြမ်းခင်းစျေးကို လျှော့ချပြီး လေလံပစ်ဖို့ တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တရားရုံး ကိုကန့်ကွက်ထားတာကြောင့် လာမယ့် မတ်လ ၂၅ ရက်နေ့မှာ အဆုံးအဖြတ်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကမာရွတ်ခရိုင်တရားရုံးကဆုံးဖြတ်တော့မှာဖြစ်ပါတယ်။
ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံရဲ့ လေလံကြမ်းခင်းဈေး ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၇၅ သန်းကို လျှော့ချဖို့ ကမာရွတ်ခရိုင် တရားရုံးမှာ ဦးအောင်ဆန်းဦးက တင်သွင်းထားတာဖြစ်ပါတယ်။
လေလံကြမ်းခင်းဈေး ကျပ်ဘီလီယံရာချီအထိ ဈေးမြင့်နေတာနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ သမိုင်းဝင် နေအိမ်ဖြစ်လို့ ငွေကြေးချမ်းသာသူတွေအနေနဲ့ လေလံဆွဲဝယ်ယူတာမျိုး မလုပ်ရဲကြတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီအိမ်နဲ့ ခြံကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာခေါင်းဆောင်တွေ လာခဲ့ဖူးတဲ့ သမိုင်းဝင်ခြံအမှတ် ၅၄ ကို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ကို နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဖမ်းဆီးထားစဉ် ဦးအောင်ဆန်းဦးရဲ့ တောင်းဆိုမှုကြောင့် အပြီးသတ် ထုခွဲရောင်းချလေလံတင်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံကွက် အမွေမှုနဲ့ပတ်သက်လို့ ခြံထဲက နှစ်ထပ်တိုက်ပါဝင်တဲ့ အနောက်ဘက်အခြမ်းကို ဒေါ်အောင်ဆန်းစုကြည် ရယူဖို့နဲ့ တစ်ထပ်တိုက်ပါဝင်တဲ့ အရှေ့ဘက်ခြမ်းကို သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦး ဘက်ကရယူဖို့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦးက ကျေနပ်မှုမရှိတဲ့အတွက် နေအိမ်ကို ရောင်းချပြီး ရရှိငွေကို တစ်ဝက်စီခွဲဝေဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ထပ်မံလျှောက်ထား တောင်းဆိုခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

Myingyan Black Tiger – MBT ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းအခြေစိုက် မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း (Myingyan Black Tiger - MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ (၃) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်းက ငါးဖမ်းသင်္ဘောတွေကို စစ်ကောင်စီရေတပ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသင်္ဘော ၃ စင်းကို စစ်ကောင်စီရေတပ်သင်္ဘောက စနေနေ့အစောပိုင်းမှာ ပစ်ခတ်ခဲ့ရာက သင်္ဘောသားတစ်ဦး သေဆုံးပြီး ၃၁ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။
Read More

AA ၏ ထိုးစစ်အောက် နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ယောက်ကို CDF-Asho ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ ရရှိ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ  မြန်မာနှင့်ဆက်နွယ်နေသည့် တရုတ်စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်နေမှုကြောင့် စုံစမ်းစစ်ဆေးပေးဖို့ JFM တောင်းဆို 

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ဂျူလီဘိရှော့ဟာ မြန်မာနဲ့ဆက်နွယ်နေတဲ့ တရုတ်စီးပွါးရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် အကျိုးစီးပွားပဋိပက္ခတွေ ရှိမရှိ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနှင့် ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။