တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲဟာ ၆ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူမှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“လေယာဉ်ပစ်ကူ၊ ထားဝယ်မြို့က လက်နက်ကြီးပစ်ကူ၊ ရေတပ်က သင်္ဘောပစ်ကူတွေ ကြားကနေ ခက်ခက်ခဲခဲကြိုးစားပြီး တိုက်ခဲ့တဲ့ တိုက်ပွဲတစ်ခုပါခဗျာ” လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့  ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ လက်ခတ်တာင် တာဝါတိုင်စခန်းကုန်းဟာ စစ်ကောင်စီတပ်တွေ အခိုင်အမာ တပ်စွဲထားတဲ့ စခန်းဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ယောက်သေပြီး MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၉ ခု၊ လက်ပစ်ဗုံး ၃ လုံးနဲ့ ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့အတူ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T5) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်များနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းအချို့  (ဓာတ်ပုံ ဒူရကစစ်ကြောင်း)

0 Shares:
You May Also Like
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် သေဆုံးသူများခဲ့သည့် အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဥ်းသားများစာရင်း စစ်အုပ်စုဖုံးကွယ်ထား…

"အထူးသဖြင့် အာဏာမသိမ်းခင်ကတည်းကအဆောင်တွေကအိုဟောင်းနေပါပြီ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေအများကြီးစုပြုံပြီးထည့်ထားတယ်။ ဒီတော့ ငလျင်ကြောင့်ဆိုတာထက်အဆောက်အအုံခိုင်ခန့်မှုမရှိတာကို လူတွေစုပြုံပြီးထည့်ထားတာမို့ စီမံခန့်ခွဲမှုညံ့ဖျင်းတာလို့ပြောချင်ပါတယ်။" လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခမောက်ကြီးမြို့နယ်အခြေစိုက် ခမရ(၃၄၂) မှ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး ကော့သောင်း ပကဖထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ‌ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းခံရသူ စစ်သား ၂ယောက် ‌လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖြူးမှာ မြို့နယ်ပကဖက ရေဘေးသင့်အိမ်ထောင်စုတွေကို အလှူငွေနဲ့ ရိက္ခာခြောက်တွေ ကူညီပံ့ပိုးခဲ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ် စစ်တောင်းမြစ်ကမ်းဘေးရှိ ရေဘေးဒဏ်သင့်ရွာတွေဆီကို အလှူရှင်တွေကိုယ်စား စက်တင်ဘာလ ၂၃ ရက် မနေ့က ဖြူးမြို့နယ် ပကဖနဲ့ ပအဖတို့ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။