ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ပြီး ဖြေဆိုသူဖို့ရှိတဲ့ လူဦးရေထက် ထက်ဝက်ကျော် ပျက်ကွက်ခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မြို့နယ် ၃ခုကလွဲရင် ကျန်နေရာတွေ အားလုံးကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားတာကြောင့်  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူက စံချိန်တင်ကျဆင်းသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေမှာလည်း တိုက်ပွဲတွေ နီးကပ်လာတာ၊ စစ်ဘေးရှောင်နေရတာတွေကြောင့် ဖြေဆိုသူဦးရေ စံချိန်တင်လျော့ကျခဲ့တယ်လို့ သိရပါတယ်။

စကစ မီဒီယာ ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည့် စာမေးပွဲကျင်းပပြုလုပ်နေသည့် တခြားဒေသမှ ကျောင်းများ (ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ် ၃ခုမှာသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12) ကျင်းပနေပြီး ဖြေဆိုဖို့ စာရင်းပေးထားတဲ့ လူ ၃၂၀၀ ကျော်ထဲက ၁၅၀၀ ကျော် လာရောက်ဖြေဆိုတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း တိုက်ပွဲတွေကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူ ၁၈,၀၀၀ ကျော်မှာ တစ်သောင်းကျော် ပျက်ကွက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲအတွက်  မြို့နယ် ၃မှာ စုစုပေါင်း စာစစ်ဌာန  ၈ ခုဖွင့်လှစ်ထားပြီး လာရောက်ဖြေဆိုဖို့ စာရင်းပေးထားသူ ၃၂၀၀ ကျော်ထဲက ထက်ဝက်ကျော် ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

စကစ မီဒီယာ ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည့် စာမေးပွဲကျင်းပပြုလုပ်နေသည့် တခြားဒေသမှ ကျောင်းများ (ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန)
0 Shares:
You May Also Like
Read More

သန္ဓေတပ်သားက စစ်မှုထမ်းတပ်သားကို ကပ်ကြေးဖြင့် ထိုးသတ်

နေပြည်တော်က အမှတ် (၃) စစ်ကြောရေးနဲ့ တည်းခိုးရေးတပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ယောက်ကို သန္ဓေစစ်သားက ကတ်ကြေးနဲ့ ထိုးသွင်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan ဖျော်ဖြေပွဲကနေ လက်မှတ်ရောင်းရငွေ ဂျပန်ယန်း သန်း ၆၀  ကျော်ရရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu in Japan တော်လှန်ရေးရံပုံငွေဂီတဖျော်ဖြေပွဲကို မေ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး

၂၀၂၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ ထီးလင်းမြို့နယ် ပအဖ က သတိပေးစာတစ်ခုကို မနေ့က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဂန့်ဂေါတွင် ခလရ ၅၀ အခြေစိုက် စစ်အုပ်စုများ စိုင်ဒူးရွာကို သေနတ်ဖောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရှော့တိုက်ဒုံးအပစ်ခံထားရတဲ့ ခလရ ၅၀တပ်က အကြမ်းဖက်စစ်အုပ်စုဟာ မြို့အနောက်မြောက်ဖက်ခြမ်း စိုင်ဒူးကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။