မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အရပ်သား အမျိုးသမီး ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။

မတ်လ (၁၇)ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး (၃) ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအ​နေနဲ့ မတ်လ(၁၄)ရက်ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာရှိ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ (၃၁) ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ များစွာရှိခဲ့ပါသေးတယ်။

“၁၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၃၁)ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၁၇ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၅)ဦး ရှိခဲ့ပါတယ်” လို့ MDY-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က မောင်းကို ပြောပါတယ်။

MDY-PDF ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ တိုက်ပွဲမဖြစ်ပွားတာ ကာလအတန်ကြာပြီဖြစ်ပေမယ့် အကြမ်းဖက်စစ်ကောင်စီကတော့ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ MDY-PDF က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို အုတ်ဂူတွေမှာကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့ သုသာန်တစ်ခုမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဘက်တံဆိပ်တွေကို လိုက်ကပ်ပြီး “စစ်ခွေးတပ်ကုန် မြို့ရန်ကုန်” လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ခံခဲ့ရသည့် တပ်သားတစ်ဦး MRG တပ်ဖွဲ့ထံ အလင်းဝင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတစ်ယောက် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG ထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလောမြို့မရဲစခန်းကို PDF များ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ်နှင့် ရဲတပ်သား သေဆုံးပြီး ရဲ ၆ ဦးခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့နွေဦးတော်လှန်ရေး (၄)နှစ်မြောက်အဖြစ် ပြုလုပ်တဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference မှာ NUG လူ့အခွင့်အရေးဝန်ကြီး အွန်လိုင်းကနေ အမှာစကားပြော

အီတလီနိုင်ငံမှာ မြန်မာ့နွေဦးတော်လှန်ရေး (၄) နှစ်မြောက်အနေနဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference ကို ဖေဖော်ဝါရီလ (၁) ရက်က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အိပ်မောကျနေချိန် အကြမ်းဖက်စစ်တပ် ဗုံးကြဲမှုကြောင့် မိသားစုဝင် ၇ ဦး သေဆုံး၊ သေဆုံးသူများအနက် ကလေးငယ် ၃ ဦး ပါဝင်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နန်းအီရှမ်းရွာနဲ့ ဝက်ယင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် မိသားစုဝင် ၇ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။