အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့  စစ်မှုထမ်းအပတ်စဉ် (၁၁) ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲတွေကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ သင်တန်းကျောင်းတွေမှာ ဒီနေ့ မတ်လ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အပတ်စဉ် (၁၁) အတွက် စစ်မှုထမ်းမယ့် အရေအတွက်ကိုတော့ တရားဝင်ထုတ်ပြန်လာခြင်းမရှိပါဘူး။

အာဏာသိမ်းစစ်တပ်ရဲ့ ကနဦး ထုတ်ပြန်ချက်တွေအရ စစ်မှုထမ်းအပတ်စဉ် တစ်ခုကို လူဦးရေ ၅၀၀၀ အထိ စုဆောင်းသွားမှာဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိ အပတ်စဉ် (၁၁) အထိ အပတ်စဉ် တစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့  စုဆောင်မယ်ဆိုရင် စုစုပေါင်း လူဦးရေ ၅၅၀၀၀ အထိ စုဆောင်းထားနိုင်ပြီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းရှိ စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၁) သို့ တက်ရောက်ကြမည့်သူများကို ကြိုဆိုနေစဉ် (ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

ဒါပေမယ့် CDM ပြုလုပ်လာတဲ့ စစ်တပ်အရာရှိတွေရဲ့ ပြောကြားချက်အရ အပတ်စဉ် တစ်ခုကို သတ်မှတ်ထားတဲ့ လူဦးရေ ၅၀၀၀ မပြည့်ဘဲ အချိန်မီ သင်တန်းဆင်းပြီး ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပို့ဆောင်နေရတယ်လို့ သိရပါတယ်။

တပ်အင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအတွက် နိုင်ငံတစ်ဝန်း သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး လူငယ်လူရွယ်တွေအပေါ် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခဲ့မှုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ စတင်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် ၁၀ ခုအတွင်း အရပ်သားလူငယ် ၁၂,၆၅၅ ယောက်ကို  အတင်းအဓမ္မစုဆောင်းခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတချို့ရဲ့ သုတေသန အစီရင်ခံစာတွေအရ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စစ်မှုထမ်း အပတ်စဉ် (၁၀)အထိ လူဦးရေ ၁၅၀၀၀ လောက်ကို အတင်းအဓမ္မစုဆောင်းခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့တာဖြစ်ပြီး  ၂၀၂၄ ခုနှစ် မေလမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ဖွင့်လှစ်ခဲ့တာကြောင့် တရားမဝင် စစ်မှုထမ်းဥပဒေအသက်ဝင်မှုဟာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု တရုတ်ရှုံ့ချ

ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

PDF ရဲဘော်ကို ဖမ်းသွားတဲ့ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ကို ဖမ်းဆီးသွားတဲ့ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်သားတစ်ယောက်ကို လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းကြောင့် မနေ့က ညနေပိုင်းအထိ အကျဥ်းထောင် ၁၆ ခုမှ အမှန်တကယ် လွတ်လာသူ ၅၄၉ ဦးသာရှိဟု အေအေပီပီ ထုတ်ပြန်

အတုအယောင်ရွေးကောက်ပွဲကို မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးအကျဉ်းချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့ပေမယ့် အမှန်တကယ် လွတ်မြောက်လာသူအရေအတွက်ဟာ ဖမ်းဆီးခံထားရမှုနဲ့ယှဥ်ရင် အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူရှိ သတ္တုမိုင်းတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးမှာရှိတဲ့ သတ္တုမိုင်းတွင်းတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။