မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ကြပ် ၁ ယောက်နဲ့ ခလရ ၂၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ပါတယ်။

မတ်လ ၁၃ ရက်က ဝမ်းတွင်းမြို့နယ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် အမှတ် ၂၀၂၇ မိုင်းမောက တပ်ကြပ် ၁ ယောက်ဟာ အမှတ် ၁ စစ်ဒေသ၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တံတားဦး ပကဖ) ထံ ဆက်သွယ်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်ကြပ်ဟာ MA1 အမျိုးအစား သေနတ် ၁ လက် ၊ ကျည် ၁၆၂ တောင့်၊ ဗုံးသီး ၂လုံး၊ နင်းမိုင်း ၁ လုံး၊ G3 ကျည် ၁၀တောင့်၊ MA1 ကျည်ဘောက် ၃ ဘောက်တို့ကိုပါ ယူဆောင် အလင်းဝင်ရောက်လာတာကြောင့် ဂုဏ်ပြုငွေကျပ် ၂၅ သိန်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၂ ယောက်ဟာ စစ်ကောင်စီတပ်ကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးလာပြီး တံတား ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တံတားဦး ပကဖ) ဆီ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက်ကိုတော့ ငွေကျပ် ၂ သိန်းခွဲစီ ဆုချီးမြှင့်ခဲ့ပြီး စစ်မှုထမ်းစစ်သား ၂ ယောက်အနက် တစ်ယောက်ဟာ အလုပ်က အပြန် ပေါ်တာဆွဲခံခဲ့ရတာဖြစ်ကာ နောက်တစ်ယောက်ကတော့ အိမ်ကနေ အလုပ်ကို သွားချိန်မှာ ပေါ်တာဆွဲခံခဲ့ရတာဖြစ်တယ်လို့ တံတားဦး ပကဖ က ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်လုံးကို တံတားဦး ပကဖ က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး သူတို့ရဲ့ ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်မှာ မြို့နယ်ပကဖ က ကာကွယ်ရေးဝန်ကြီးဌာနထုတ် စစ်သတင်းလွှာများကို ဖြန့်ဝေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဥ် ထုတ်ဝေတဲ့ စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကြဲလို့ အမျိုးသား တစ်ဦး ဒဏ်ရာရ တစ်လနီးပါးအတွင်း သီပေါမြို့နယ်ကို စစ်ကောင်စီ ၆ ကြိမ် ဗုံးကြဲခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့် လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်း… (ဓာတ်ပုံသတင်း)

အညာဒေသမှာ အခြေစိုက်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့်အတွက် ဩဂုတ်လ ၂၈ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေ့ပြောင်းအကျဥ်းသားများကို အိုးဘိုထောင်အာဏာပိုင်များ အကြမ်းဖက်ရိုက်နှက်မှုကြောင့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါ နိုင်ငံရေးအကျဥ်းသား ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

"မနေ့က ၁၁ နာရီနဲ့ ၁၂ကြားမှာ အိုးဘိုထောင်ကို ကားတွေနဲ့ရောက်တယ်ပေါ့။ ရောက်တာနဲ့ဘာအကြောင်းပြချက်ကိုမှမပေးပဲ ရိုက်တာပါ။ တစ်ချို့ကလည်း ရိုက်လို့ကောင်းအောင်အကြောင်းပြချက်ပေးတယ်။ ထောင်ပြောင်းတဲ့လမ်းခရီးမှာ လုံခြုံရေးထိခိုက်အောင်သတင်းတွေထွက်စေလို့ဆိုတဲ့အကြောင်းပြချက်တွေပေးပြီးရိုက်တာပေါ့။ တစ်ချို့ကိုလည်း​ထောင်ပြောင်းတဲ့အခါ ဦးချိုးတာပေါ့။ ဦးဆောင်သူလို့ ယူဆရတဲ့သူတွေ ငြိမ်သွားအောင်ဆိုပြီး လုပ်တဲ့သဘောပါ။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။