ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီးဟာ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာက ဖြစ်ပြီး 7.62 ကျည်ဆံတွေကိုယူဆောင်ကာ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ (နတ်စစ်သည်) အဖွဲ့ထံ ခိုလှုံလာတာဖြစ်တယ်လို့ သိရပါတယ်။

“သူက ကျနော်တို့ အဖွဲ့မှာပဲ တာဝန်ထမ်းဆောင်သွားမှာပါ” လို့ နတ်စစ်သည်အဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် အင်းမတပ်ထဲက စုဆောင်းရေးဌာနမှာ အတင်းအဓမ္မ စုဆောင်းခံခဲ့ရသူ ၂ ယောက်ဟာလည်း ထိန်းသိမ်းခံထားရစဉ်အတွင်းမှာ နတ်စစ်သည်အဖွဲ့ကို ဆက်သွယ်အကူအညီတောင်းတာကြောင့် ရွှေတောင် ပကဖနဲ့ ပူးပေါင်းကာ ကူညီကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဓမ္မစုဆောင်းခံရသူ ၂ယောက်တွေဟာ ပြည်မြို့နဲ့ နတ်တလင်းမြို့နယ်တို့က ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

“ပြည်မြို့က တစ်ယောက်ကတော့ ရွှေတောင် ပကဖမှာ တာဝန်ထမ်းဆောင်ဖို့ ဝင်ရောက်ခဲ့ပြီး နတ်တလင်းမြို့က စုဆောင်းခံရသူကတော့ နတ်စစ်သည်အဖွဲ့မှာပဲ တာဝန်ထမ်းဆောင်သွားမှာပါ” လို့ ဆိုပါတယ်။

အလင်းဝင်လာသည့် ပျူစောထီး ၁ ဦးနှင့် စစ်သား ၁ ဦး (ဓာတ်ပုံ နတ်စစ်သည်)

0 Shares:
You May Also Like
Read More

ဘုတလင်မှာ အင်အား ၁၀၀ ကျော်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

ကျွန်းလှမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်၊ ၁ ဦးသေပြီး အရာရှိအပါ ၆ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး အရာရှိ ၁ ယောက်အပါ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - Fire Dragon တပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက စာအုပ် ၁၀၀ ရွေ့လျားစာကြည့်တိုက်ကို ဆက်လက်ဖွင့်လှစ်ထား (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်ဖို့အတွက် စာအုပ် ၁၀၀ ရွေ့လျားစာကြည့်တိုက်ကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။