စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံ အနီး ကင်းပတ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့  SOLO AUNG GYI အဖွဲ့က ရုပ်သံနဲ့တကွ ဒီနေ့မတ်လ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။  

မနေ့က မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ  ဆားလင်းကြီးမြို့ပေါ် အထိုင်စခန်းကနေ အင်အား ၃၀ ကျော်နဲ့ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားကို SOLO AUNG GYI တပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်တွေက လမ်းဆုံဓမ္မာရုံအနီးမှာ စနိုက်ပါနဲ့ စောင့်ကြို ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 အပြန်အလှန် ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်နီးပါး ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုးနယ်မြေတွေ ထိန်းချုပ်နိုင်ဖို့ တောင်သာ PDF မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF) မှ စစ်ရေးအရှိန်မြှင့်တင်နိုင်ဖို့နဲ့ စိုးမိုး နယ်မြေတွေအား ထိန်းချုပ်နိုင်ဖို့ အပတ်စဉ် (၉)အတွက် တပ်သားသစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

နိုင်ငံအနှံ့ဗုံးကြဲဖို့ စစ်ကောင်စီ ဗုံးသီးထုတ်လုပ်ရာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ဇန်နဝါရီ ၁၈ ရက်က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူများကို ကယ်ထုတ်နေသည့် ရုပ်သံဖိုင် ရန်ကုန်တပ်ရင်း ၅၁၀၁ ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို ရန်ကုန်တပ်ရင်း ၅၁၀၁ က ဒီနေ့ဧပြီ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်တွင် ထိုင်းစစ်သား ၁ ဦး အနီးကပ်ပစ်ခတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်သားကို ဆိုင်ကယ် စီးနင်းလာတဲ့ သူက သေနတ်နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် နိုဝင်ဘာ ၂၈ ရက် မနေ့က အရာတော်ရွှေဂျိုးဖြူအဖွဲ့မှ လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေကို Shwebo Crocodile အဖွဲ့က သွားရောက်သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးမြို့နယ်မှာ လေကြောင်းအန္တရာယ်ရှောင်ရှားနိုင်‌ရေး လေ့ကျင့်သရုပ်ပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ ကျောင်းသားကလေးငယ်တွေ လေကြောင်းအန္တရာယ် ရှောင်ရှားနိုင်ရေး လေ့ကျင့်သရုပ်ပြမှု ပြုလုပ်ပေးခဲ့တယ်လို့ ပကဖအသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။