မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
မတ်လ ၁၄ရက် မနေ့က မွန်းလွဲပိုင်းမှာ မြိုင်မြို့နယ်အနောက်ပိုင်း ဆူးဝင်းရွာ၊ ဝယ်တောင်(တ) ရွာ ဘုန်းကြီးကျောင်းနဲ့ ဝယ်တောင်(တ)ရွာ မြောက်ပိုင်းတို့ကို စစ်ကောင်စီရဲ့ မကွေးနဲ့ မိတ္ထီလာက လာတဲ့ ဂျက်ဖိုက်တာတွေက ပေါင် ၅၀၀ ဗုံးတွေနဲ့ ရော့ကတ်တွေ ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဂျက်ဖိုက်တာတွေရဲ့ တိုက်ခိုက်မှုကြောင့် ဆူးဝင်းရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အိမ်မီးလောင်ပျက်စီးကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဝယ်တောင် (တ) ရွာ ဘုန်းကြီးကျောင်းပေါ်ကိုလည်း စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးချခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းတစ်ခုလုံး မီးလောင်ပြိုကျပြီး ဘုန်းကြီး ၁ ပါး ၊ ကိုရင်၃ပါး နဲ့ အရပ်သား၆ယောက်ထိခိုက်ဒဏ်ရာရရှိကာ ကိုရင်ကြီး ၁ ပါးနဲ့ လူငယ်အမျိုးသား ၂ ယောက်လည်း နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဒီကောင်တွေ စစ်ကြောင်းမထိုးလို့ တိုက်ပွဲလည်း မဖြစ်ဘူးဗျ။ ဒါကို အရပ်သားတွေပဲ ရှိတဲ့ဟာ သက်သက်မဲ့လုပ်သွားတာပါ။ ၁၂ နာရီလောက်မှာပေါ့ ဝယ်တောင်(တ) ရွာ ဘုန်းကြီးကျောင်းနဲ့ ဝယ်တောင်(တ)ရွာ မြောက်ပိုင်းကို အရင်ပစ်တယ်။ နောက် ဆူးဝင်းရွာကို ပက်ပြီး ချတယ်ပေါ့။ တိုက်ပွဲဖြစ်တဲ့ပုံအတိုင်းပါပဲ ။ ပေါင် ၅၀၀ တွေရော၊ ရော့ကတ်တွေရော ပစ်သွားတယ်ပေါ့။ ဘုန်းကြီးကျောင်းက သိမ်ပေါ်ကျလို့ ထိခိုက်မှုများတာပါ” လို့ မြိုင်ပကဖ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ဝယ်တောင် (တ) ရွာ မြောက်ပိုင်းက အရပ်သား နေအိမ် ၄ လုံးလည်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးကာ အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဧရာဝတီ PDF ၏ အပတ်စဥ် (၁)အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မ‌တော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ ဧရာဝတီ PDF က အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ငလျင်ဘေးသင့်ပြည်သူတွေ စားသုံးဖို့ ဖြန့်ဖြူးပေးထားတဲ့ ဘီစကွတ်တွေကို ရောင်းချရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ United Nations Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းပြီးမြောက်လာတဲ့ ရေးပြောက်ကျားတပ် ထူးချွန်ဆုရရဲဘော်များကို ဂုဏ်ပြု

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂)၊ ရေးပြောက်ကျားတပ် (YGF)က အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ ရေကြီးမှုနဲ့ စပါးပိုးကျရောက်မှု​တို့ကြောင့် ပြည်သူလူထု အခက်အခဲကြုံနေရ

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းလာရာ စက်တင်ဘာလ (၆) ရက်ကနေ (၁၀) ရက်နေ့အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်သူတွေ ရေဘေး၊ မြေပြိုမှုဘေးနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်လုပ်ငန်းစု AVIC ရောင်းချတဲ့ စစ်လေယာဉ်တွေကို စစ်ကောင်စီက တစ်နိုင်ငံလုံး ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတယ်လို့ Justice For Myanmar ထုတ်ဖော်

ကမ္ဘာ့လေကြောင်း ကုမ္ပဏီကြီး Airbus အနေနဲ့ သူ့ရဲ့စီးပွားမိတ်ဖက် AVIC က မြန်မာစစ်အုပ်စုကို လက်နက်တွေ ထောက်ပံ့ပေးနေမှုအပေါ် ဩဇာအာဏာ အသုံးပြုပြီး ကန့်ကွက်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း Justice For Myanmar နဲ့ Info Birmanie တို့က ပူးတွဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။