မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် အကြမ်းဖက်တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ မြိုင်မြို့နယ်က အကြမ်းဖက် ခလရ (၂၃၅) တပ်ရင်းမှာ အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း – Natogyi People Defence Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၆ စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့ရတဲ့ စစ်သား ၅ ယောက်က MA-3 တစ်လက်၊  MA-1 တစ်လက်၊ ကျည်ဘောက် လေးခု၊ ၅.၅၆ ကျည်ဆံ အတောင့် ၆၀၀ ၊ ၆၀ မမကျည် တစ်လုံးတို့နဲ့အတူ မတ်လ ပထမအပတ်မှာ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ထိုက်တန်တဲ့ ဆုကြေးပေးအပ်ခဲ့ပြီး ကာကယံရှင်တွေရဲ့ ဆန္ဒအရ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ပြီဖြစ်တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၇ ယောက် သေဆုံးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု ဥက္ကံကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ (၃၀)ရက် နေ့လယ်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

သန်လျင်မြို့ အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာကို အကြမ်းဖက်စစ်တပ် ညမထွက်ရ အမိန့်ထုတ်

ရန်ကုန်တိုင်း၊ သန်လျင်မြို့က အမှတ် ၁ ရေနံချက်စက်ရုံ ဧရိယာတစ်ခုလုံးကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၁ ရက်ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
Read More

နတ်တလင်းတွင် ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ နတ်ပွဲကနေ ကင်းပတ်ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေကာ အများအပြားထိခိုက်ခဲ့ကြောင်း တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ Bamar Revolution Army (B.R.A) ထံက သိရပါတယ်။
Read More

စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ပေးရန် ကုလ၊ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရများကို TNLA မေတ္တာရပ်ခံ

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုပြီး ပြည်သူတွေရှိရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့်အောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေကို မေတ္တာရပ်ခံကြောင်း TNLA က ပြောဆိုထားပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။