ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်၊ တောင်ငူခရိုင်၊ ထန်းတပင်(ထောတထူး) မြို့နယ်အတွင်းက လေကြောင်းဒဏ်သင့် ကျေးရွာတွေမှာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေတဲ့ Free Burma Ranger (FBR) ရဲ့ ဆေးမှူး နော်ဆေးမူးဖောဟာ မီးလောင်ဗုံးထိမှန်ဒဏ်ရာနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားတဲ့ ထန်းတပင်မြို့နယ်(ထောတထူး)အတွင်းက ကျေးရွာတွေဆီ ဆေးမှူး နော်ဆေးမူးဖောရဲ့ FBR နဲ့ ဒေသတွင်းဆေးကုသရေးအဖွဲ့ဝင်တွေဟာ ဆေးကုသမှု သွားရောက်လုပ်ဆောင်နေချိန် မတ်လ ၈ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Free Burma Ranger (FBR) ရဲ့စာအရ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် ဆေးမှူး၁ယောက် နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး  အသက် ၂၅ နှစ်အရွယ် နော်ဆေးမူးဖောကတော့ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေနဲ့အတူ မတ်လ ၁၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားဆေးမှူး၁ယောက်လည်း အပြင်းအထန် ထိခိုက်​ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ကွယ်လွန်သွားတဲ့ နော်ဆေးမူးဖောဟာ ထန်းတပင် ဒေသခံဖြစ်ပြီး Jungle School of Medicine Kawtholei (JSMK) သင်တန်းကို ၂၀၂၃ ခုနှစ်မှာပြီးဆုံးကာ ဟုမုဒယ်ဆေးခန်း (Hu Mu Del Clinic) ရဲ့ ဆေးမှူးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် FBR နဲ့အတူ တောင်ငူခရိုင်အတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲဘော်တွေကို ဆေးကုသမှုတွေလုပ်ဆောင်ပေးခဲ့တယ်လို့ Free Burma Ranger (FBR) က ဆိုပါတယ်။

မတ်လပထမပတ်အတွင်းမှာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ သပြေညွန့် စစ်စခန်း တိုက်ခိုက်ခံရပြီး တော်လှန်ရေးတပ်တွေက စခန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် မတ်လ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၄ရက်တာအတွင်း စစ်ကောင်စီက အထက်ပါဒေသအနီးတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးသီးတွေ၊ မီးလောင်ဗုံးတွေနဲ့ စက်လက်ပစ်ခတ်တာတွေဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး ရွှေပြည်သာ မကျည်းတော၊ ကျောက်ကြီးပေါက်နဲ့ ကွေ့ကြီး(စံပြ) ရွာတွေက အမျိုးသား အမျိုသမီး ၄ယောက် သေဆုံးခဲ့သလို ၇ယောက်ထက်မနည်း ထိခိုက်​ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ဗုံး ထိမှန်သေဆုံးခဲ့သည့် နော်ဆေးမူးဖော (ဓာတ်ပုံ Free Burma Ranger (FBR))

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ် စစ်ဘေးရှောင်စခန်းတွေအတွက် အိမ်ထောင်စု (၁၅၀) စုစာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေထဲက အိမ်ထောင်စု (၁၅၀) စာအတွက် စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ ကူညီလှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (TRI ဗျူဟာ)က ထုတ်ပြန်ထားပါတယ်။
Read More

ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရပ်စောက်မြို့နယ် ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၅၀)ကျော်‌ သေ၊ လက်နက်တွေ ရရှိကြောင်း DPLA ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ၁၀ ရက်တာအတွင်း စစ်ကောင်စီတပ်က (၅၀) ကျော်‌ ‌သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၏ စခန်းမှူး ဥသြ ကျဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းမှူး ရဲဘော် အောင်ဇင်မျိုး (ခ) ဥသြ ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

နဂါးဖြူစစ်ကြောင်းမှ တပ်သားတစ်ဦး ပေါက်ကိုယ်တော် ပျူအဖွဲ့ဆီကို ထွက်ပြေးပူးပေါင်းသွားလို့ ၄င်းနှင့် အဆက်အသွယ်ရှိသူများ သိစေလိုဟု ဆို

တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ၊ နဂါးဖြူစစ်ကြောင်းက ရဲဘော် အောင်ဇင်ဟိန်း (ခ) အောင်ပု ဆိုသူဟာ တော်လှန်ရေးကို သစ္စာဖောက်ကာ စစ်ကောင်စီလက်အောက်ခံ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားတယ်လို့ သိရပါတယ်။