ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒါဟာ လန်ဒန်နဲ့ ကိုရီးယားဖျော်ဖြေပွဲတွေအပြီး ဖြူဖြူကျော်သိန်းရဲ့ တတိယမြောက် နိုင်ငံတကာဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲကို လာမယ့် ဧပြီ ၅ ရက်နေ့မှာ  လူဦးရေ ၇၅၀ ဆန့်တဲ့ Riverside Theatre Paramatta မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီပွဲကို ဩစတေးလျနိုင်ငံရောက် မြန်မာလူငယ်တွေက စီစဉ်တာဖြစ်ပြီး ပွဲလက်မှတ်တွေကို မတ် ၁၃ ရက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လန်ဒန်နဲ့ ကိုရီးယားဖျော်ဖြေပွဲတွေမှာ ပရိသတ်အားပေးမှုတွေနဲ့ အောင်မြင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းက အနုပညာကြေးမယူဘဲ ဖျော်ဖြေပေးခဲ့တာဖြစ်ပြီး ဖျော်ဖြေပွဲက ရရှိလာတဲ့ငွေကြေးတွေကိုလည်း စစ်ဘေးရှောင်ဒေသတွေနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ပေးပို့လှူဒါန်းခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်၊ မှော်စီစာရွာ လမ်းမကြီးပေါ်တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသား ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာရွာ လမ်းမကြီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက တပ်ရင်းရှိ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက စားဝတ်နေရေး အခက်အခဲရှိတဲ့ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်စန်းကျေးရွာတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်စန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် မီးရှို့လူသတ်သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စု ၁၀ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ညောင်ပင်သာရွာခံ ၁၉ဦး အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်စဥ်ကို ခမရ ၄၈ တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း ဖမ်းဆီးခံသုံ့ပန်း ထွက်ဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာဖြစ်ပွား​ခဲ့တဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်စဥ်ဟာ ခမရ ၄၈ တပ်ရင်းမှူး မင်းဇော် နဲ့ အဆင့်ဆင့်သော စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း PDF  အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ၁ ယောက်က ဝန်ခံထွက်ဆိုပါတယ်။