စစ်ကောင်စီတပ်တွေ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံ့အပြားမှာ တော်လှန်လူငယ်တွေက “ ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025 “ စာသားပါ ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလှုပ်ရှားမှုဟာ မြန်မာအလုပ်သမားထုရဲ့ အခြေခံလွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေအပေါ် မတရားဖိနှိပ်တားမြစ်တာတွေ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေနဲ့ “Article 33“ နဲ့ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတိုက်တွန်းလိုတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို

တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ၊ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ငလျင်ဒဏ်အပြီး စစ်ကောင်စီက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်တို့ကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေရာ အရပ်သားထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ 
Read More

စစ်မှုထမ်းအရေအတွက် တိုးခေါ်ဖို့ စစ်တပ်နဲ့ ပနံသင့်တဲ့ နိုင်ငံရေးပါတီတွေက တိုက်တွန်းကြောင်း စစ်ကောင်စီ ပြော

စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေက စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ တွေ့ဆုံပွဲမှာ အကြံပြုဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေက ဇန်နဝါရီ ၂၄ ရက် မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြပါတယ်။
Read More

ထိုင်းကနေ မြန်မာပြည်ဆီ နေရပ်ပြန်ပို့ခံရတဲ့ ၁၂၇ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီကနေ စောင့်ခေါ်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့၊ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာ ၁၂၇ ယောက်က်ု ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။