ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို ၃ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ သပြေညွန့်စခန်းကို မတ်လ ၈ရက်နေ့ မနက်အစောပိုင်းမှာ KNLA PDF ပူးပေါင်းတပ်တွေကအပြီးသတ် ချေမှုန်းသိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေပါ သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၆ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတဲ့အပြင် PDF ရဲဘော် ၃ယောက် ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ခလရ ၇၃ လက်အောက်ခံ၊ သပြေညွန့်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“အဲ့စခန်းက ခလရ ၇၃ နဲ့လည်း နီးတယ်။ အင်အားကလည်း ၅၀ ဝန်းကျင်လောက်ရှိပါတယ်။  ကျနော်တို့ တပ်ရင်းက ချေမှုန်းရေးကိုတာဝန်ယူပြီး ရှေ့ဆုံးကနေ တိုက်ခဲ့ပါတယ်။ ၆ရက်နေ့ကနေ စပြီးချဥ်းကပ်တယ်။ ၇ရက်နေ့မှာ တစ်နေကုန် ပွဲပြင်းထန်တယ်။  ၈ရက်နေ့ မနက်အစောပိုင်းကျတော့ စခန်းကို အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်” လို့ အထူးကွန်မန်ဒို တပ်ရင်း P-29914 တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ နီးပါးထွက်ပြေးသွားသလို လက်နက်ခဲယမ်းတွေနဲ့ မျက်မြင်အလောင်း ၁၀ လောင်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အထူးကွန်မန်ဒိုတပ်ရင်း P-29914 နဲ့အတူ KNLA တပ်မဟာ ၂/၃ တို့က ချေမှုန်းရေးလုပ်ဆောင်ခဲ့ပြီး ဖြတ်တောက်ရေးအဖြစ် တပ်ရင်း ၃၅၀၂စစ်ကြောင်း၊ အာဠာဝကစစ်ကြောင်း၊ ဧရာဝတီ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးတပ်၊ ရန်ကုန်စစ်ကြောင်းနဲ့ အုတ်တွင်းပကဖ တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စကစဘက်မှ ​ကျဆုံးသူများ
0 Shares:
You May Also Like
Read More

ဘုတလင်မှာ စစ်တပ်က ရွာတွေကို မီးဝင်ရှို့ပြီး ဓားစာခံ ဖမ်းဆီးမှုတွေ လုပ်နေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဖြတ်တိုက်ခံထားရတဲ့ စီပါကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

ကောလင်းမှာ စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

ကျုံဒိုးမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေးငယ်တစ်ဦး နှလုံးဖောက် သေဆုံး၊ ရော်ဘာခြံ ၂ ခြံ မီးလောင်ပျက်စီး 

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရကာ ပြည်သူပိုင် ရော်ဘာခြံတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။
Read More

မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta'ang Women's Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။