မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်ရာနဲ့ချီကို စစ်ကောင်စီက လမ်းပိုင်မြေ မလွတ်ဘူးဆိုပြီး ဘူဒိုဇာတွေနဲ့ ၃ ရက်ဆက် ဖျက်ဆီးခိုင်းခဲ့တယ်လို့ MDY Revolution တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
မန္တလေး-မတ္တရာလမ်းပိုင်း၊ ကြာနီကန်ရွာ လမ်းမကြီး အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့နေအိမ်တွေ၊ဆိုင်ခန်းတွေကို စစ်ကောင်စီက မတ်လ ၄ ရက်ကစပြီး ၆ ရက်အထိ ၃ ရက်ဆက်တိုက် ​မြေကော်စက်၊ ဘူဒိုဇာတွေနဲ့ ဖျက်ဆီးနေခဲ့တာလို့ သိရပါတယ်။
” အဖျက်ခံရတဲ့ အိမ်ခြေက အနည်းဆုံး ၅၀ နဲ့ ၇၀ကြား ရှိမယ်။ အဲ့ထက်လည်းပိုမယ်။ မျက်နှာစာလိုချင်လို့တိုင်တယ်လို့လည်းကြားတယ်။ အကြောင်းကြားစာကရတဲ့သူတွေရတယ်။ လမ်းအနောက်ဘက်ခြမ်းကဆိုအကြောင်းကြားစား မရောက်တာတွေ အများကြီးပဲ။အကြောင်းကြားထားတယ်ဆိုတာတွေကလည်းညှိနေတာလိုလို အသနားခံစာတင်တာလိုလိုနဲ့ကြာနေပြီလို့ပြောရပါမယ်။” လို့ MDY Revolution တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီက ကြာနီကန်ရွာလမ်းမကြီး အရှေ့ဘက်ခြမ်းကို လမ်းနယ်၊ ဆည်မြောင်းနယ် ဆိုပြီး ပေ (၁၀၀) အထိ ဖျက်ချခဲ့သလို လမ်းမကြီးအနောက်ဘက်ခြမ်းကိုတော့ လမ်းနယ်အဖြစ် ( ၇၅) ပေအထိ ဖျက်ချခဲ့တယ်လို့ သိရပါတယ်။
ရဲ၊ စည်ပင်အပါဝင် အရပ်ဝတ်ပျူစောထီးနဲ့ အပြာဝတ်ပြည်သူ့စစ်အဖွဲ့ဝင်တွေကလည်း မိုင်တိုင် ၄ ကနေ ၉ မိုင်အထိ တောက်လျှောက်မှာ ၃ ရက်ဆက်တိုက် လုံခြုံရေးယူ​ပေးရင်း စက်ယန္တယားကြီးတွေနဲ့ အတင်းအဓမ္မ ဖျက်ဆီးနေခဲ့တာလို့ သိရပါတယ်။
ကြိုတင်အကြောင်းကြားထားတာမရှိတဲ့အတွက် အရပ်သား နေအိမ်အဆောက်အဦးတွေ ဖျက်ဆီးခံရချိန်မှာ ပျက်စီးဆုံးရှုံးမှုတွေ များခဲ့ပြီး မှတ်တမ်းတင်ဖုန်းနဲ့ရိုက်ကူးသူတွေကိုလည်း စစ်အုပ်စုတွေက ပိတ်ပင်ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီးတော့လည်း ကုလားမတောင်၊ ပုသိမ်လေးနဲ့ ဓနသိဒ္ဓိရွာတွေကိုလည်း အလားတူဖျက်ယူခိုင်းထားကြောင်း သတင်းတွေထွက်ပေါ်နေရာ စစ်ကောင်စီရဲ့ ကြွက်မနိုင် ကျီမီးရှို့တဲ့အဖျက်လုပ်ငန်းတွေကို အဖြူအမဒ အကုန်လုံးအတူတူခံစားနေရတာဖြစ်ပြီးပြန်လည်တွန်းလှန်သင့်ပြီလို့လည်း Mdy Revolution တာဝန်ရှိသူကပြောပါတယ်။
” ကျနော်တို့သိသလောက်ဆို အဲ့နေရာကို သူတို့ကျူးလို့ သတ်မှတ်ထားတယ်ဆိုပေမယ့် ကြိုပြီးအကြောင်းကြားတာမရှိဘူး။ ရုတ်တရက်လုပ်သွားတာပေါ့။ ထင်တာကတော့ ခရိုနီတွေအတွက်စီးပွားရေးလုပ်လို့ရအောင်လုပ်ပေးတယ်လို့ပဲထင်ပါတယ်။ရှေ့မှာလည်း ပုသိမ်ကြီးထဲအဲ့လိုလုပ်ထားတာတွေရှိတယ်” လို့ ပုသိမ်ကြီးဒေသခံ ၁ ယောက်ကလည်း ပြောပါတယ်။
ပုံစာ – ဖြိုချဖျက်ဆီးခံထားရတဲ့ နေအိမ်တွေကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

တန့်ဆည်တွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပန့်တွေ ဖမ်းဆီးရမိထားတယ်လို့ အမှတ်(၁)စစ်ဒေသ၊ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
Read More

ကျိုက်မရောမှာ MLA ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA ရဲ့ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။
Read More

ဖမ်းဆီးမှုကို ပြန်လည်ခုခံသည့် ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင်၊ ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။