အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကရင်နီစစ်ဒေသ အမှတ် ၁၁၀၅ တပ်ရင်း ဘောလခဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဖွဲ့စည်းတည်‌ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံ အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဦးညွှတ်အလေးပြုခြင်း၊ တပ်ရင်းမှ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုလွှာပေးအပ်ခြင်း၊ ခေါင်းဆောင်တွေက ရဲဘော်တွေကို အားပေးစကားပြောကြားခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအရှိန်မြင့်တက်လာတာနဲ့အမျှ စစ်မျက်နှာ အများအပြားပေါ်ပေါက်လျက်ရှိရာ BPDF ၃ နှစ်တာကာလအတွင်း တပ်ရင်းက အာဇာနည်သူရဲကောင်း ၉ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ပျူစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၁၀ ဦးခန့်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ပျူစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ် သား အများအပြားသေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန် ပျူအဖွဲ့ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါသည့် ၅ ဦးလုံး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်) စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေက စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်)စခန်းတွေကို အမှတ် (၅) တပ်မဟာ  KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သားသစ်များကို သင်တန်ပေးနေသည့်စခန်းအား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ခရိုင်အမှတ် ၄ တပ်ရင်း၏ အပတ်စဉ် (၁၁) အခြေခံ စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၁၁) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းဆင်းပွဲမှာ တက်ရောက်ဂုဏ်ပြုခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ဧည့်သည်တော်တွေကို အထူးကျေးဇူးတင်ရှိကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်မှာ စက်သေနတ်တင် သံချပ်ကာယာဉ်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အနောက်ဘက်ကမ်း ကျွန်းတောကုန်းကျေးရွာကနေ နှောပင် ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄  ထံက သိရပါတယ်။