”ကျွန်တော်ကတော့ PDF က ပြည်သူထဲက ပြည်သူပဲ။ သင်တန်းပြီးရင် PDF နဲ့ ပြန်တိုက်ခိုင်းမှာ။ မတိုက်နိုင်ဘူး။ ကျွန်တော်တို့ ပြေးလို့ မလွတ်လာလို့ ပါသွားခဲ့ရင်တောင်မှာ ရှေ့တန်းရောက်ရင် အလံဖြူပြမှာပဲ။ အလံဖြူပြမယ့်သူတွေလည်း တပုံကြီး။ အကုန်လုံးက ပေါ်တာဆွဲခံရတဲ့ သူချည်းပဲ။ သူတို့အိမ်တွေကနေ စွပ်ကြယ်အဖြူလေးတွေမှာပြီးတော့ မသိမသာဝတ်ကြတယ်။ သူတို့က မတိုက်ကြဘူး။ ပြည်သူ ပြည်သူအချင်းချင်းပြန်တိုက်နေရင် ဘာလုပ်မှာတုန်း။ ပေါ်တာဆွဲခံရတာ လည်း ပြည်သူပဲ။ PDF ဆိုတာလည်း ကျွန်တော်တို့ ပြည်သူတွေပဲကို”

0 Shares:
You May Also Like
Read More

ကရင်ပြည်နယ်၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လက်နက်ချခဲ့တဲ့ ဦးစီးအရာရှိ တတိယတန်း (G-3) တပ်​ထောက် ဗိုလ်ကြီး ရှိုင်းထက်​အောင် (ရုပ်/သံ)

''လက်နက်ချအညံ့ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကနေ ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ လုပ်ရပ်ကို တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ သတ်မှတ်တယ်ပေါ့။ ကျနော်တို့ အဓိက သစ္စာစောင့်သိရမှာက ကျနော်တို့ ပြည်သူလူထုရဲ့အပေါ်ကိုပဲ သစ္စာစောင့်သိရမှာပေါ့နော်။ ကျနော်တို့ ဒီလိုလက်နက်ချအညံ့ခံပြီးတဲ့နောက်မှာ ကျနော်တို့ ဒီဘက်က ပြည်သူလူထုကလည်း နွေးထွေးစွာ ကြိုဆိုတယ်။ အဲ့အတွက်ကြောင့်မို့လို ကျနော်တို့ ဒီလိုလုပ်ခဲ့တဲ့ ရွေးခဲ့တဲ့ လမ်းကတော့ ကျနော့်အနေနဲ့ကတော့ မမှားဘူးလို့ ထင်ပါတယ်''
Read More

ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၇)မှ တပ်သား လှမောင်စော၏ ရင်တွင်းစကား (ရုပ်/သံ)

''တပ်ထဲမဝင်ခင်က ရန်ကုန်ဝမ်းတီးစက်ရုံမှာ အလုပ်လုပ်တယ်။ အလုပ်လုပ်နေတုန်း တပ်ကနေပြီးတော့ ကားဝပ်ရှော့မှာ အလုပ်ပေးမယ်ဆိုပြီး လာစည်းရုံးတယ်။ ပြီးတော့ အရက်တိုက်တယ်။ အရက်မူးတဲ့အချိန်မှာ ရန်ကုန်ဒညင်းကုန်း တပ်သားစုဆောင်းရေးကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ရမည်းသင်းမြို့မှာ သင်တန်းသွားတက်ရတယ်။ ပြီးတော့ ကလောမှာ တာဝန်ကျတယ်။ အဲကနေ ရှေ့တန်း ရခိုင်ကို ထွက်တယ်။ အဲ့မှာ စစ်ကောင်စီလုပ်တာ ကိုင်တာတွေ့မြင်ရတယ်"
Read More

ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာ တပ်ဆွဲနေသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့က စစ်ကောင်စီတပ်သားတွေ တပ်ဆွဲနေတဲ့ စိုက်ပျိုးရေးစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

ကျား/မ ဖြစ်တည်ခြင်းထက် အာဏာရှင်ပြုတ်ကျရေးက ပိုအရေးကြီးလို့ တောထဲရောက်လာတဲ့ မိတလဉာဏ် (ရုပ်/သံ)

ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းပြီး လက်နက်ကိုင်တဲ့နေရာမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိလဲ၊ တော်လှန်ရေးမှာ အမျိုးသမီးတွေက ဘယ်လောက်အထိ အသုံးဝင်လဲဆိုတာတွေကို သူမက ပြောပြပေးသွားမှာပါ။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၂၇၅) တပ်သား- အောင်ဌေး (ရုပ်/သံ)

''စိတ်ဆန္ဒမပါဘဲနဲ့ စုဆောင်းခံခဲ့ရပါတယ်။ ရွှေတောင်မြို့မှာရှိတဲ့ ဆန်စက်မှာ အလုပ်လုပ်တုန်းက ညအချိန်ပြန်လာတဲ့အချိန်မှာ သူတို့စစ်ကားနဲ့ရောက်လာပြီးတော့ သူတို့ကားပေါ် အတင်းဆွဲတင်ပြီး ခေါ်သွားခဲ့ပါတယ်။ သူတို့တပ်ထဲကို။ တပ်ထဲမှာ လူမဆန်တဲ့ ဖိနှိပ်မှုတွေခံခဲ့ရပါတယ်။ ဒါကြောင့် အလင်းဝင်လာတာပါ''
Read More

မုံရွာခရိုင် အမှတ်(၁) တပ်ရင်းထံ ပြည်သူ့စစ် ၂ ဦး အလင်းဝင် (ရုပ်/သံ)

တပ်မ ၆၆ လက်အောက်ခံ၊ ခမရ (၄) က အလင်းဝင်လာတဲ့ ပြည်သူ့စစ် ၂ ယောက်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။