၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေ များစွာ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ KIA ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၂၁) အပါအဝင် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ် ကင်းစင်ရေး အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မတ်လ ၄ ရက် မနေ့ကအထိ ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး၊  လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့ အဆက်မပြတ် ခုခံတိုက်ခိုက်နေသလို စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာရော မဖြစ်ပွားတဲ့ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကိုပါ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ KIA က ဆိုပါတယ်။

KIA ပူး​ပေါင်းတပ်တွေဟာ စကခ (၂၁) ရဲ့ ကာကင်းတပ်ရင်းတွေဖြစ်တဲ့ ခလရ(၂၃၆) ၊ အမတ(၃၆၆) ၊အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းကို ၊အမှတ်(၅၀၁၄) တင့်ကား တပ်ရင်း ၊ ဗန်း​မော်​လေယာဥ်ကွင်း ၊ အမှတ်(၂) လျှပ်စစ်နဲ့ စက်မှု အင်ဂျင်နီယာတပ်အပါအဝင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

ဗန်း​မော်မြို့ရှိ စစ်ကောင်စီရဲ့ အဓိက တပ်ရင်းဌာနချုပ်တွေဖြစ်တဲ့ စကခ (၂၁ ) ၊ ခလရ (၄၇) စတဲ့ တပ်ရင်းစခန်းတွေ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးပြီး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ KIA က ဆိုပါတယ်။

KIA အနေနဲ့ ဗန်းမော်နဲ့ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့တဲ့ မံစီမြို့သိမ်းစစ်ဆင်ရေးမှာတော့ စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ပွဲ တစ်လကျော်အကြာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်ရှိ မီးဘေးသင့်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)/ ကျောင်းသားလက်ရုံးတပ်တော်က အခြေခံစားနပ်ရိက္ခာတွေနဲ့ တကိုယ်ရည်သုံးပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုနှင့် နေပြည်တော်အနီး ရစ်ချက်တာစကေး ၅.၄ နှင့် ၄.၂ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးနဲ့ နေပြည်တော်အနီးမှာ ရစ်ချက်တာစကေး ၅.၄ နဲ့ ၄.၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

CDF – KKG တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw, CDF - KKG တပ်ရင်း (၇) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။