အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မတ်လ ၃ ရက်က ဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၈) ကြိမ်မြောက် အစည်းအဝေးမှာ FIDH က ကုလနိုင်ငံတွေကို တိုက်တွန်းပြောကြားလိုက်တာပါ။

ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ် ညှင်းပန်းနှိပ်စက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကုလအဖွဲ့ဝင်နိုင်ငံတွေက လက်မခံကြဖို့ FIDH က ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုဖယ်ထားပြီး စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာလည်း မကြုံစဖူးမြင့်တက်လာတာကြောင့် ရွေးကောက်ပွဲကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်မခံဘဲ ပယ်ချသင့်ကြောင်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် FIDH ရဲ့ တိုက်တွန်းချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်တာတွေ အဆုံးသတ်ဖို့ တောင်းဆိုမှုတွေလည်း ပါဝင်လာခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့ သူတို့ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတရမယ်လို့ မကြာခဏပြောဆိုထားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပါ စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို CRPH ၊ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လုံး၀လက်မခံဘဲ သပိတ်မှောက်ဖို့ နိုင်ငံတကာကို အသိပေးတိုက်တွန်းထားကြပါသေးတယ်။

အာဏာသိမ်းစစ်တပ်ကတော့ နိုင်ငံတစ်ဝန်းက လုံခြုံအေးချမ်းတဲ့ မဲဆန္ဒနယ် ၁၀၀ ကျော်မှာ ကျင်းပပြုလုပ်မယ်လို့ ကနဦး ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ရုရှားဩဇာခံ ဘယ်လာရုစ်နိုင်ငံသို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ထွက်ခွာ၊ စစ်ခေါင်းဆောင်၏ ဘယ်လာရုစ်နှင့် ရုရှားခရီးစဉ်တွင် ခရိုနီစီးပွားရေးသမားများလည်း လိုက်ပါဟု သိရ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး…

ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

အင်တာနက်အဖြတ်ခံရသည့် မြဝတီမှ ကျားဖြန့်များ စတားလင့်ခ်ကို အဓိကအသုံးပြုလာ

ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးတွေအတွင်း အင်တာနက် ဖြတ်တောက်ခံထားခဲ့ရတဲ့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေဟာ စတားလင့်ခ် အင်တာနက်ကို အဓိကအသုံးပြုလာကြောင်း လေ့လာသူတွေက ပြောပါတယ်။