မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဝင်ရောက်လာတဲ့ ရဲဘော်အသစ်တွေနဲ့ ပကဖ ရဲဘော်ဟောင်းတွေကို စုပေါင်းပြီး အပတ်စဉ် (၃) အခြေခံစစ်ပညာ မွမ်းမံသင်တန်း ပြုလုပ်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းပေါ်မှာတည်ရှိတဲ့ ကျောက်ဆည်ခရိုင်ဟာ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး စတဲ့မြို့နယ်တွေနဲ့ ဖွဲ့စည်းထားပြီး မြို့နယ် ၄ ခုရဲ့ ပကဖ တွေကလည်း နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် ရဲဘော်တွေကို အခြေခံစစ်ပညာနဲ့ စုဖွဲ့လေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Southern Eagle PDF က ရဲဘော်တွေကို ကျည်ကာ Vest နဲ့ Helmet တွေ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရှေ့တန်းက ရဲဘော်တွေကို အောက်တိုဘာ ၇ ရက်က ကျည်ကာတွေဖြစ်တဲ့ Vest နဲ့ Helmet တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူ စံပယ်နံ့သာဂိတ်စခန်းမှ စစ်အုပ်စု မိန်းကလေး ၂ဦးကို ပေါ်တာဆွဲ၊ ၁ ဦး ထွက်ပြေးလွတ်မြောက်သော်လည်း အဓမ္မပြုကျင့်ခံရကာ ကျန်ခဲ့သည့် မိန်းကလေး အသက်ရှင်မရှင် မသိရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၁၄) တပ်ရင်းမှ ကျဆုံးရဲဘော်(၁)ဦးအတွက် ဂုဏ်ပြုအခမ်းအနား ပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းက ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ဂုဏ်ပြုပွဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးနှင့် ဝမ်းတွင်းတွင် စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးမှုများ ဆိုးဆိုးဝါးဝါးလုပ်ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ ကြောက်လန့်တကြား တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

သဲကုန်းမှာ သန်းခေါင်စာရင်းကောက်ယူမှု အားတက်သရော လုပ်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို သွားရောက်ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်း ဝင်းဘရားသားရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။