ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ နတ်ပွဲကနေ ကင်းပတ်ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ အများအပြားထိခိုက်ခဲ့ကြောင်း တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၄ ၊ Bamar Revolution Army (B.R.A) ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်၊ မနေ့က ညပိုင်းမှာ နတ်တလင်းမြို့နယ်၊ သရက်ပင်ကန်ရိုးကျေးရွာကနေ မြို့ထဲဘက်ကို ဆိုင်ကယ်၇စီး၊ လူအင်အား ၁၄ ယောက် လောက်နဲ့ ပြန်လာတဲ့ စစ်အုပ်စု​ကို ငုတ်တိုရွာနဲ့ ပေါက်တုန်းရွာအကြားမှာ B.R.A တပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သရက်ပင်ကန်ရိုးကျေးရွာအတွင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကတည်းက နတ်ပွဲကျင်းပပြုလုပ်နေရာစစ်တပ်နဲ့ ပျူစောထီးတွေက ကင်းလှည့်တာဝန်ယူနေကြကြောင်းသိရတဲ့အတွက် အခုလို နတ်ပွဲကအပြန်မှာ အသင့်စောင့်ပြီး မိုင်းဆွဲခဲ့တာလို့ တပ်ခွဲမှူး လက်ျာက ပြောပါတယ်။

“အဲ့ဒီရွာမှာ နတ်ပွဲထပ်လုပ်မယ်ကြားလို့ မိုင်းဆွဲဖို့စီစဥ်ခဲ့တာပါ။ အပြန်မှာဆွဲခဲ့တာပေါ့။ အချိန်အရမ်းမရတာကြောင့် ပတ်လည်မိုင်းတစ်လုံးပဲ ထောင်ခဲ့ပြီး ကိုက် ၄၀၀ လောက်ကနေ ခွဲခဲ့တာပါ။ မိုင်းဆွဲလိုက်တော့ ဆိုင်ကယ်နှစ်စီးလဲကျသွားပြီး အော်ဟစ်သံတွေ စကြားရပါတယ်။ သေကုန်ပြီ သေကုန်ပြီနဲ့ အော်ပြောနေတဲ့အသံတွေ ကျနော်တို့ဘက်ကတောင် ကြားရတယ်ပေါ့။ အဲ့နောက်တော့ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ကြတဲ့အတွက် ကျနော်တို့ရဲဘော်တွေလည်း မထရဲဘူးဗျ။ ဝပ်နေရတယ်။ အဲ့မှာ သူတို့ဗိုလ်လို့ ယူဆရတဲ့သူက မပစ်နဲ့ မီးကိုမှိတ်ဆိုပြီး ပြောတယ်။ မီးမှိတ်ပြီး လယ်ကွင်းထဲဆင်းသွားမှ ကျနော်တို့လည်း​ ဖြေးဖြေးချင်း ပြန်ဆုတ်လာရတာပါ” လို့ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၄ ၊ Bamar Revolution Army ( B.R.A) တပ်ခွဲမှူး လက်ျာက မောင်းကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နတ်တလင်းမြို့နယ်ဆီ ပြန်လည်သယ်ဆောင်သွားကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်ပြီးဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမှာ အကြမ်းဖက်စစ်တပ်က သက်ကြီးပိုင်းနှင့် ကလေးငယ်များကို လူသားဒိုင်းသဖွယ် အသုံးပြုရင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်တွင် တပ်မ ၉၉ အပါ လက်အောက်ခံတပ်ရင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၇ ဦး သေ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများလည်း သိမ်းဆည်းရမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က ၁၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်သုံ့ပန်း ၃ ယောက်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်မှ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် စကားပြောစက်များ NUG ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအတွင်းရှိ ပညာရေးစာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ဆက်သွယ်ရေး ICON စက်တွေ ဝယ်ယူဖို့ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းတွင် စစ်အုပ်စုထိန်းချုပ်ရာ နယ်မြေထဲ ဝင်ရောက်ကာ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးဖျက်ဆီးပြ၊ အတုအယောင် ရွေးကောက်ပွဲ မလုံခြုံကြောင်း သတိပေးခြင်းလည်းဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။