မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ နဲ့ ဟိန်းမြန်မာကျောက်မိုင်းအနီးက စစ်ကောင်စီကာကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါတယ်။

ဖေ‌ဖော်ဝါရီ ၁၈ ရက် နေ့လယ်ပိုင်းက ခမရ ၂၀၇ နဲ့ ဟိန်းမြန်မာကျောက်မိုင်းအနီး ကာကင်းစခန်းကိုအင်းတကော်မြို့ ပကဖ(ဒရုန်းအဖွဲ့) နဲ့ ဝေါမြို့နယ်ပကဖတို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ KNU/KNLA ဦးဆောင်ပြီး ကျိုက်ထို ပကဖ၊ သိမ်ဇရပ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကဝမြို့နယ် ပကဖ (ဒရုန်းအဖွဲ့)တို့က ဟိန်းမြန်မာကျောက်မိုင်းမှာ အထိုင်ချထားတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တိုက်ခိုက်ခံရတဲ့နေရာကို လူနာတင်ယာဉ် ၂ စီး ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပေါ် လူထုအမြင် (ရုပ်/သံ)

ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတုအပေါ် မြန်မာပြည်သူလူထုရဲ့ သဘောထားအမြင်ကို Yangon Revolution Force - YRF က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် CDM ဆရာမ သေဆုံး၊ (၄)နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းက ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) အဖွဲ့ထံက သိရပါတယ်။
Read More

ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ ထွက်လာတဲ့ စစ် ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာမှာ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ယောက် သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာ ခမရ ၅၅၆ တပ်ရင်းကနေ တနင်္သာရီမြို့ဘက်ကို တက်လာတဲ့ အင်အား ၆၅ ယောက်ရှိ အကြမ်းဖက်စစ်တပ်ခြေလျင်စစ်ကြောင်းကို နိုဝင်ဘာ ၂ ရက်က ဘန်း လမွတ်ကျေးရွာမှာ ရှေ့ထွက်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် ကျောင်းသားတပ်မတော် ရဲဘော်များ

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ABSDF Column - 2 က နိုဝင်ဘာ ၁၂ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။