မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က တန့်ကြည့်တောင်ခြေရင်း လက်ပန်ချောင်းရွာက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေရဲ့ အထိုင်ချစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၈ ယောက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ စစ်ကူတွေ ထပ်မံရောက်ရှိလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေ ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ – DYT၊ ပခုက္ကူခရိုင် တပ်ရင်း ၈ နဲ့ မြစ်ခြေပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တောင်းမြစ် အနောက်ဘက်ကမ်း ‌ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်း ကျွန်းတော်ကုန်းကျေးရွာကနေ နှောပင်ကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်‌ရေးပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၅ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့မှု ရုပ်သံမှတ်တမ်းကို နေပြည်တော် PDF တပ်ရင်း ၈၀၄ က ထုတ်ပြန်လာပါတယ်။ 
Read More

စစ်တပ် တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ဒီဇင်ဘာ ၁၁ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး ဓားစာခံပြည်သူတွေကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ရက်ရှည်ကင်းပုန်းဝပ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၃ ကြိမ်တိုင် ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ MPDF – DEMO တပ်ခွဲထံက သိရပါတယ်။
Read More

စစ်မြေပြင်က ပြန်လာတဲ့ PLA ရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်မြေပြင်ကနေ အောင်ပွဲနဲ့ ပြန်လာကြတဲ့ PLA ရဲဘော်တွေကို အညာဒေသခံပြည်သူတွေက 'ပြည်သူရင်ဖွား ပြည်ချစ်သား' ဆိုပြီး အော်ဟစ်ကြိုဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။