စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ တည်သီးတောရွာအတွင်းက ပျူစောထီးတွေ ရွာကို စွန့်ခွာထွက်ပြေးသွားပြီးတဲ့နောက် ညောင်ကိုင်းရွာအတွင်းက စစ်အုပ်စုတွေဟာလည်း တည်သီးတောရွာကို ဝင်ရောက်ရင်း အလားတူ ထပ်မံထွက်ပြေးသွားကြတာဖြစ်တယ်လို့သိရပါတယ်။

“တည်သီးတောပျူတွေက စပြီးပြေးတာပါ။ အဲ့နောက်မှ ညောင်ကိုင်ရွာက ကောင်တွေ တည်သီးတောကိုဝင်တယ်။ ညကျခွာသွားတာပါ။ အခုတော့ ၂ ရွာလုံး ၁ ကောင်မှ မရှိတော့ဘူး။ ပန်းရံပျူရွာကို ပြေးတယ်လို့လည်း သိရတယ်။ အတိအကျမဖြစ်သေးတဲ့ သတင်းအရဆို ကုန်းသာမှာသွားထိုင်မယ်လို့တော့သိရပါတယ်။” လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကိုပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုတွေ ထွက်ပြေးစွန့်ခွာသွားတဲ့ ရွာ ၂ ရွာလုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေး အားကောင်းလာပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ညောင်ကိုင်းနဲ့တည်သီးတောရွာ ပျူစခန်းတွေကို ဝန်းရံပိတ်ဆို့ထားပြီး ရိက္ခာလမ်း​ကြောင်းတွေဖြတ်တောက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ချစည်းရုံးစာ ကြဲချခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ ညောင်ကိုင်းရွာ စစ်တပ်စခန်းကို ဝင်ရောက် ရှင်းလင်းရာမှာလည်း ကိုးလုံးကျည် ပြောင်းချော (၁) လက် နဲ့ ကျည် (၄၈) တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ပကဖအသံက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက ထွက်ပြေးလွတ်မြောက်လာတဲ့ သူတွေ၊ နယ်မြေရှင်းလင်းရေးလုပ်ချိန်တွေ့ရှိရတဲ့ သက်ကြီးရွယ်အို နဲ့ ကျန်းမာရေး မကောင်းသူ (၅၆) ယောက်ကိုလည်း ပကဖ အဖွဲ့ဝင်တွေက စားနပ်ရိက္ခာတွေ ပေးအပ်ရင်းကျန်းမာရေး စောင့်ရှောက်မှုတွေလုပ်ဆောင် ပေးထားတယ်လို့လည်း သိရပါတယ်။

အခုလိုမျိုး အကြမ်းဖက်စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေ တစထက်တစ ကျဉ်းမြောင်းလာပြီးတော်လှန်ရေးတပ်တွေ ပိုမိုစိုးမိုးလာနိုင်စေဖို့ ပြည်သူ့စစ်မဟာဗျူဟာနဲ့အညီ ရွှေဘိုမြို့နယ် ပကဖ အဖွဲ့က ဆောင်ရွက်နေတာဖြစ်ပြီး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ များပြားလာတယ်လို့ ပကဖအသံက ထုတ်ပြန်ထားပါတယ်။

ညောင်ကိုင်းနှင့် တည်သီး​တော ရွာ၂ရွာအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဥ် (ဓာတ်ပုံ ဗိုလ်ကျားရိုင်း)

0 Shares:
You May Also Like
Read More

NUG အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကာ ၂၀၂၅ မှာ သာလွန်စွမ်းဆောင်ရည်များဖြင့် ကြိုးစားကြဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတ တိုက်တွန်း

တော်လှန်ရေးအလုပ်တွေကို မြန်ဆန်၊ လွယ်ကူ၊ ထိရောက်အောင် ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၄ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှာလည်း ၁၀ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၄ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ထုတ်ပြန်ထားပါတယ်။
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

စလင်း-ဆိပ်ဖြူကားလမ်းပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ် ၁၀ ရက်ကျော် စစ်ကြောင်းထိုးမီးရှို့၊ အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်း-ဆိပ်ဖြူကားလမ်းပိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး၊ အများအပြား ထိမှန်ဒဏ်ရာ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက Y12 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။