ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ရဲဘော်ရဲ့ စျာပနကို ပဲခူးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ သွားရောက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ ကျဆုံးသွားတဲ့ ဖြူး ပကဖ (တိုက်ခိုက်ရေးအဖွဲ့)က ဒုတပ်စိတ်မှူး ရဲဘော်နေမင်းရဲ့ ဈာပနကို ပဲခူးတိုင်းပကဖ၊ စစ်ရေးတာဝန်ခံက သွားရောက်ပြီး NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား ဦးညွှတ်ဂုဏ်ပြုလွှာပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဆင်ရေးတာဝန်ခံနဲ့ ဗျူဟာ (၂၄) တာဝန်ခံတို့က ပေးပို့တဲ့ ထောက်ပံ့ငွေတွေကိုလည်း ကျဆုံးရဲဘော်ရဲ့ ကျန်ရစ်သူမိသားစုကို ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံက ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံဟာ ဖြူး ပကဖ (တိုက်ခိုက်ရေးအဖွဲ့)ကိုလည်း ပြည်သူလူထုက လှူဒါန်းတဲ့ ရိက္ခာတွေကိုလည်း ပြည်သူလူထုကိုယ်စား ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် (ပကဖ) ဟာ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။ အဆိုပါ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြန့်ကျေးရွာက အပြစ်မဲ့ပြည်သူ ၂ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ယောက် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ ကူညီ

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူသားစာနာ တာဝန်ခံက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ မဲစာရင်းတွင် သေတဲ့လူတွေ ပါနေပြီး အုပ်ချုပ်ရေးမှူးနှင့် အမတ်လောင်းမိသားစု မပါသည်အထိ အမှားများနေကြောင်း ဘူးလက်လှဆွေ ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေများစွာ ကွာဟနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မဲစာရင်းမှာ မှားယွင်းမှု များပြားနေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက မနေ့က လူမှုကွန်ရက်ကတဆင့် ဝေဖန်ပြောဆိုလိုက်ပါတယ်။
Read More

စလေမြို့တွင် ပျူစောထီးခေါင်းဆောင် ဘီယာသောက်နေစဥ် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အဝင်က ဘီယာဆိုင်မှာ ဘီယာသောက်နေတဲ့ စလေပျူစောထီးခေါင်းဆောင် မိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးခရိုင် အမှတ် (၁) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံက သိရပါတယ်။
Read More

သထုံခရိုင် PDF တပ်မဟာ လက်အောက်ခံ YARMA BRIGADE တပ်ဖွဲ့က တပ်သားသစ်များခေါ်ယူနေ

သထုံခရိုင် PDF တပ်မဟာ (၁)၊ တပ်ရင်း ၇၈၀၅ မှ တော်လှန်ရေးအတွက် ရဲဘော်အသစ်များကို ခေါ်ယူလျက်ရှိကြောင်း မောင်းကို အသိပေး ပြောဆိုပါတယ်။