မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တပ်တွင်းအနိုင်ကျင့်ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကြပ် ၁ယောက်ကို သွားရောက်ကယ်ဆယ်ရင်းလိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေကြောင်း Burma Revolution Rangers အဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၅ရက်နေ့ နေ့လယ်ပိုင်းမှာ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာဂိတ်အတွင်း တာဝန်ကျနေတဲ့ တပ်ကြပ် စံမိုးဆိုသူဟာ ထိုးကြိတ်ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့အတူ အင်ပင်ဂိတ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် Burma Revolution Rangers အဖွဲ့ဝင်တွေက သွားရောက်ခေါ်ဆောင်ခဲ့ပြီး ထိန်းသိမ်းမေးမြန်းနေတယ်လို့ သိရပါတယ်။

စလင်းအခြေစိုက် ခလရ ၂၅၄ တပ်ရင်းက တပ်ကြပ် စံမိုးဟာ ပခုက္ကူမြို့နယ် အင်ပင်ဂိတ်စခန်းကို ၂၀၂၃ ခုနှစ်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး စစ်သားသက်တမ်း ၁၉နှစ်ရှိခဲ့ပြီလို့ Burma Revolution Rangers အဖွဲ့ဝင်တွေထံ ထွက်ဆိုထားပါတယ်။

“တပ်ထဲမှာ ကျနော် မကြာခဏ အချုပ်ထဲရောက်ပါတယ်။ အင်ပင်စခန်းမှာဆို ကျနော့်ကိုအမြဲထိုးလိုက်၊ ကြိတ်လိုက်နဲ့ ဖက်ထိပ်ဆိုလည်း ပိုလုပ်ရပါတယ်။ ရဲဆိုတဲ့ ကောင်တွေနဲ့ယှဥ်ပြီး ဆူပါတယ်။ ရဲဆိုတဲ့ကောင်တွေက သောက်ကျင့်ကောင်းတာ မဟုတ်ပါဘူး။ ပြည်သူလူထုကို ဒုက္ခပေးပါတယ်။ ဂိတ်မှာဆို ဆီကားဆန်ကား အကုန်ပိုက်ဆံကောက်တယ်။ ဆီကားဆို ဆီတစ်ပုံးကို ပိုက်ဆံ ၅ထောင်ကောက်ပြီး ယူပါတယ်။” လို့ တပ်ကြပ်စံမိုးက သူကြုံတွေ့ခဲ့ရတဲ့ အင်ပင်စခန်းအတွေ့အကြုံတွေကို ပြောပါတယ်။ 

အင်ပင်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ကြပ် စံမိုး စစ်ဆေးခံနေစဥ်

သူကပဲ ဆက်လက်ပြီး “တော်လှန်ရေးရဲဘော်တွေဆီ စရောက်တော့ ခဏကြောက်မိပေမယ့်  ညီအစ်ကိုအရင်းချာလိုပဲ အတော်လေးကောင်းပါတယ်။ ဆေးလိပ်ဆို ဆေးလိပ်ပေးတယ်။ အရှင်းဆုံးပြောရရင် တော်လှန်ရေးရဲဘော်တွေနဲ့ ဆက်လုပ်သွားချင်ပါတယ်။ တပ်ကိုပြန်ရောက်ရင်လည်း ထောင်ကျရင်ကျ၊ မဟုတ်ရင် အချုပ်ကျပြီး ညှင်းပန်းနှိပ်စက်ခံရမှာပါ။ အခုဆို တပ်တွင်းနောက်ချန်က အိုနာကျိုးကန်းတွေပဲ ရှိပါတော့တယ်။ အားလုံးပေါင်း ၁၅ယောက်လောက်ပဲရှိမယ်။ နောက်ထပ်ရဲဘော်တွေကို ပြောချင်တာကတော့ နောင်တရသင့်ပါပြီ။ ဒီရိက္ခာလေးပေးပြီးတော့ စခန်းသိမ်းတွေ တက်သိမ်းရတယ်။ ထိုးကျွေးခံရတယ်။ မင်းအောင်လှိုင်ကို ပြောချင်တာက ကျနော်တို့ ခေါင်းတွေခြေထောက်တွေကို ဖိမနင်းပါနဲ့။ လက်အောက်ငယ်သားတွေကို ခွေးလိုမခိုင်းပါနဲ့ ပြောချင်ပါတယ်” လို့ ​ဆိုပါတယ်။

လက်ရှိမှာတော့ တပ်ကြပ်စံမိုးရဲ့အင်ပင်စခန်းအတွင်းရရှိထားတဲ့ ခြေလက်တွေက ဒဏ်ရာတွေကို ဆေးကုသပေးထားကြောင်းနဲ့ စစ်ဆေးထိန်းသိမ်းထားကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။

အခုနှစ် ဖေဖော်ဝါရီလအတွင်း ပခုက္ကူ တပ်မ၁၀၁နဲ့  ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းတို့ကနေ ထွက်ပြေးလွတ်​မြောက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကိုလည်း ပခုက္ကူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ(၁) တပ်စိတ်(၁) ဖြစ်တဲ့ Burma Revolution Rangers အဖွဲ့က ကယ်ထုတ်ထားနိုင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ကို သာလွန်အင်အားနှင့် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် PDF တပ်ရင်း ၈၀၅ က မဟာမိတ်တပ်များနှင့်အတူ ခုခံကာကွယ်နေ…

ကရင်နီပြည်နယ်ရှိ မိုးဗြဲမြို့ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၈၀၅ က မဟာမိတ်တပ်တွေနဲ့အတူ ခုခံကာကွယ်နေတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှ စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်၊ မှော်စီစာရွာ လမ်းမကြီးပေါ်တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသား ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာရွာ လမ်းမကြီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။