မြန်မာနိုင်ငံက ကျားဖြန့်တွေထံကနေ ပြန်လည်လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေး ကြိုတင်ပြင်ဆင်ဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး Liu Zhongyi က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို သွားရောက်ခဲ့ပါတယ်။

Liu နဲ့ တရုတ်ကိုယ်စားလှယ် ၂၆ ယောက်ပါတဲ့ အဖွဲ့ဟာ မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကို သွားရောက်ကြည့်ရှုခဲ့ကြပြီး တာ့ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရဲမှူးကြီး Phloen Klinphayom က မြဝတီကတဆင့် နိုင်ငံခြားသား လွှဲပြောင်းပို့ဆောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြခဲ့ကြောင်း ထိုင်းသတင်း Khaosod English က ဖော်ပြပါတယ်။

မကြာသေးခင်က ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ မြဝတီက ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းမှုအပြီး အခုလို တရုတ်ကိုယ်စားလှယ်တွေ လာရောက်ခဲ့တာပါ။

တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး Liu Zhongyi နှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားသို့ သွားရောက်လည်ပတ်ခဲ့စဉ်၊ အဆိုပါနေရာသည် မြဝတီမြို့မှ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသားများ အပါအဝင် ပြည်ပနိုင်ငံသားများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို စိစစ်ဆောင်ရွက်ရမည့် နေရာတစ်ခုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။ (ဓာတ်ပုံ Khaosod English)

BGF က ဖြိုခွင်းတဲ့ ကျားဖြန့်ဂိုဏ်းတွေထဲမှာ လူပေါင်း ၂၀၀၀ ခန့် ထိန်းသိမ်းခံထားရပြီး တဝက်က တရုတ်နိုင်ငံသားတွေဖြစ်ကာ သူတို့တွေထဲမှာ လူကုန်ကူးခံရသူတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ သဘောဆန္ဒအလျောက် လုပ်ကိုင်သူတွေ နှစ်မျိုးစလုံး ပါဝင်တာဖြစ်ပါတယ်။

Liu ဟာ နေရပ်ပြန်ပို့ရေး ဆောင်ရွက်ဆဲအဆင့် အားလုံးကို အနီးကပ်စစ်ဆေးခဲ့ပြီး တရုတ် လေယာဉ်တွေကို မဲဆောက်လေဆိပ်ပို့်ဆောင်ကာ သူ့နိုင်ငံသားတွေကို ပြန်လက်ခံသွားမယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့ပြီး အာဏာပိုင်တွေက စိစစ်ရေးလိုအပ်ချက်တွေ ရှင်းလင်းကာ Liu ကလည်း အဆောက်အအုံတွေကို ကိုယ်တိုင်စစ်ဆေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကား – CHINESE MINISTER VISITS THAI-MYANMAR BORDER TO PLAN MASS REPATRIATION

0 Shares:
You May Also Like
Read More

နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးနှင့် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လန်ဒန်မြို့ ပါလီမန်ရှေ့ မြန်မာ ၇၀၀ ခန့် ဆန္ဒပြ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ဦးဆောင်တဲ့ All in One Piece ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၃ ရက် မနေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

တရုတ်ကျားဖြန့် ရာနှင့်ချီ ထိန်းသိမ်းထားသည့် မဲဆောက်ရှိ စခန်းတခုတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား၊ လွတ်မြောက်သူရှိမရှိ စစ်ဆေးနေဆဲ

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖြိုခွင်းနေမှုအတွင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၃၀၀ ခန့်ကို ထိန်းသိမ်းထားတဲ့ မဲဆောက်မြို့က စခန်းတခုမှာ ဒီဇင်ဘာ ၉ ရက် ညက ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာကို အမြန်ကူညီကြဖို့ ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲ တိုက်တွန်းတောင်းဆို 

ငလျင်ဒဏ် ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာက အလျင်အမြန် ကူညီပေးဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ Tom Fletcher က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်မှာ မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပြန်အလှန် သဝဏ်လွှာ ပေးပို့၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှု တရုတ်က အခိုင်အမာ ထောက်ခံ ပံ့ပိုးပေးဟု အကြမ်းဖက်ခေါင်းဆောင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး ဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘူးလို့ အာဆီယံသဘောတူ

အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဘဲ၊ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးကတိကဝတ်တွေကို လိုက်နာဖို့ တိုက်တွန်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ ပြောပါတယ်။