စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကထွက်လာတဲ့ စစ်​ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၇ယောက် သေဆုံးကြောင်း ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း Idoits Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်၊ မနေ့က နေ့လယ်ပိုင်းအချိန်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) ကနေ မုံရွာ-ချောင်းဦးလမ်းပိုင်းအတိုင်း ထွက်လာတဲ့ စစ်ကောင်စီ ဂျမ်မာကားနဲ့ သံပြားကာကားတို့ကို တော်လှန်ရေးတပ်တွေက ရှေ့ထွက် (၅)လုံး ၁ပွိုင့်နဲ့ အတူ ပ​ဒေသာမိုင်း (၁) လုံး စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ညနေပိုင်းမှာလည်း စစ်တပ် သံပြားကာ ကား ၁စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ အသင့်ပြင်ထားတဲ့ ပဒေသာမိုင်း(၁)ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း Idoits Column တာဝန်ရှိသူက ပြောပါတယ်။

“မိုင်းဆွဲတိုက်ခိုက်မှု ၂ခုအတွင်း စခ ၇ကောင်သေတယ်။ ဒီကောင်တွေဘက်က လက်နက်ကြီးလက်နက်ငယ်တွေ ပြန်ပစ်ပေမယ့် မိဘပြည်သူတွေပို့တဲ့ မေတ္တာကြောင့် ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်။” လို့ ယင်းမာပင်ခရိုင် အမှတ် ၉တပ်ရင်း Idoits Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို  North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်)နဲ့အတူ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း Idiots Column၊ မုံရွာခရိုင်တပ်ရင်း ၁၁ (South monywa) တပ်ခွဲ (၂)  Youth Vigor Revlution Force ၊ မုံရွာမြို့နယ် (ပကဖ) တိုက်နယ်(၄) တိုက်ခိုက်ရေးအဖွဲ့ (Royal God People Defence Force) နဲ့ Black Tiger Attackes force (LPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖရူဆိုကိုသွားသည့် စစ်ကြောင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်

မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမှာ စျေးဆိုင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၁၁) ဦး သေဆုံး၊ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဝင်ရောက်နှမ်းဖြူးနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကားနောက် ဆိုင်ကယ်မောင်းနှင်လာသည့် သားအမိ ၂ ယောက် ဗုံးထိမှန်ကာ သမီးဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ကားနောက်ကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအမိ ၂ ယောက် ဗုံးထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။