စစ်ကောင်စီနဲ့ တအာင်းတပ်မတော် (TNLA) တို့ တွေ့ဆုံမယ့် ကူမင်းဆွေးနွေးပွဲမှာ စစ်တပ်ဘက်ကအပေါ်စီးကနေ ဆွေးနွေးနိုင်ကြောင်းကို TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

“MNDAAနဲ့ သဘောတူညီချက်ရပြီးပြီဆိုတော့ နစကဟာ အပေါ်စီးကနေ ဆွေးနွေးမဲ့ သဘောဆောင်ပါတယ်။ အောက်ခြေမှာလည်း တောင်ခမ်း၊ နောင်ချို၊ သပိတ်ကျင်းဖက် ထိုးစစ်တွေ ပိုတိုးလာတယ်။ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ကောင်းကင်ယံမှာ SU-30၊ ဂျက်ဖိုက်တာ၊ Y-8/ Y-12 တောက်လျှောက် ပျံသန်းပြီး အသီးတွေချချင်သလို ဖောဖောသီသီ ချနေတယ်။ တရုတ်စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာပြည်တွင်းစစ်ပါ” လို့ ဗိုလ်ချုပ်တားဘုန်းကျော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားနဲ့အဖွဲ့ဟာ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ မနေ့က ဖေဖော်ဝါရီ ၁၅ ရက်မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကို ရောက်ရှိနေတာ ဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဆွေးနွေးပွဲပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအတွက် TNLA ကိုယ်စားလှယ်အဖွဲ့တွေ ကူမင်းမြို့ကို ရောက်နေချိန်မှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နောင်ချိုမြို့နယ်ကို လက်နက်ကြီး ၁၃၇လုံး၊ Y-12 လေယာဉ်နဲ့ ဗုံး ၃၈လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲဟာ လက်ရှိစစ်ရေးပြဿနာတွေကို ပြေလည်နိုင်ဖို့ ဖြစ်တယ်လို့ TNLA က အသိပေးထားပြီး စစ်တပ်ကိုယ်စားလှယ်အဖြစ် ကစထ(၁) မှူးဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်မယ်လို့ သိရပါတယ်။

ကစထ(၁) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ MNDAA နဲ့ ဆွေးနွေးပွဲမှာလည်း စစ်တပ်ဘက်ကနေ ဦးဆောင်ဆွေးနွေးခဲ့သူဖြစ်ပြီး လက်ရှိမှာ MNDAA နဲ့ စစ်တပ်ဟာ အပစ်ခတ်ရပ်ဆဲဖို့ သဘောတူညီမှုရရှိထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၈၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ် …

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က နှောကုန်းရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးရင် အဘွားအို ၁ ယောက်အပါဝင် အမျိုးသမီး ၃ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကို အရေးယူဆောင်ရွက်နေပြီး ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲပေးဖို့ ပြည်သူတွေအပေါ် ခြိမ်းခြောက်သူတွေကို အရေးယူမှုတွေ လုပ်ဆောင်နေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ စလင်းမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ယောက်ကို ပြည်သူတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးနိုင်ခဲ့ပြီး အရေးယူမှုတွေ လုပ်ဆောင်နေသလို ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွှေစျေးနှုန်းထိန်းချုပ်ရေးက မှောင်ခိုစျေးကွက်ကိုသာ ကြီးထွားစေနိုင်

စစ်ကောင်စီက ရွှေစျေးကွက်ကို ဝင်ထိန်းပြီး ရွှေဆိုင်တွေ လိုင်စင်ပြန်လျှောက်ရမယ်လို့ ပြောလာခြင်းက ပြင်ပမှောင်ခိုစျေးကွက်ကိုသာ ကြီးထွားလာစေန်ိုင်ကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
Read More

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က ၆ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၆ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်သိမ်းလိုက်ပြီဟု သတင်းများ ထွက်ပေါ်နေ 

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့ကို စစ်ကာင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 
Read More

ကရင်တစ်မျိုးသားလုံးအတွက် သာမက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာလို့ သူရဘွဲ့ရ ဗိုလ်ဒါဘော ပြော

စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးလုပ်နေတာဟာ ကရင်တစ်မျိုးသားလုံးအတွက်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောကိုကို (ခေါ်) စောဒါဘောက ပြောဆိုလိုက်ပါတယ်။