မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
အာဂျင်တီးနားတရားရုံးက အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုခေါင်းဆောင် စိုးဝင်း အပါအဝင် စစ်တပ်ထိပ်တန်းအရာရှိ ၂၃ ယောက်ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အခင်းဖြစ်ချိန်က အရပ်သား အစိုးရဖြစ်ခဲ့တဲ့ သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖမ်းဝရမ်းထဲ ထည့်သွင်းထားတယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း – BROUK က သတင်းထုတ်ပြန်ထားပါတယ်။
BROUK ထုတ်ပြန်ချက်ထဲမှာတော့ အာဂျင်တီးနားတရားရုံးအနေနဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဟောင်း ဦးထင်ကျော်တို့ကို ထည့်သွင်းထားတဲ့အပေါ် ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုထားပါတယ်။
BROUK ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ကို ဖမ်းဝရမ်း မထုတ်ဖို့ ၂၀၂၃ ခုနှစ်က တင်ပြခဲ့ပေမယ့် အာဂျင်တီးနား တရားစွဲ ရှေ့နေတွေကတော့ သူတို့ကိုပါ ဖမ်းဝရမ်းတင်ဖို့ ၂၀၂၄ ဇွန်လမှာ လွတ်လပ်စွာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
BROUK အနေနဲ့ ၂၀၁၉ ခုနှစ်က တင်သွင်းခဲ့တဲ့ အဆိုပါအမှုဟာ ရိုဟင်ဂျာတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အရင်အရပ်သားအစိုးရရဲ့ အခန်းကဏ္ဍကို လွန်ဆန်တာမဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တိုက်ရိုက် တာဝန်ရှိတယ်လို့ ယူဆရတဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို တာဝန်ခံမှုရှိစေဖို့ အဓိကဦးတည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ – ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

အနန်းကွင်းဗျူဟာကုန်း တိုက်ပွဲမှာ စစ်ကောင်စီတပ် အကျအဆုံးများသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်သေဆုံးမှု ရှိနေ

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၆ လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

ဖားကန့်၊ ထုံးဘိုကျေးရွာကို စစ်ကော်မရှင် ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်၊ ပြည်သူ ၂ ​ဦးသေပြီး ၁ ဦးဒဏ်ရာရ…

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် မြန်မာပြည်သူအများစု စိတ်ခံစားမှုအခြေအနေ ဆိုးဝါးလာနေဟု စစ်တမ်းများ ဖော်ပြ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အခြေအနေတွေကြောင့် ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးတွေဟာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရသလဲဆိုတာကို စစ်တမ်းတွေက ဖော်ပြနေပါတယ်။
Read More

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ရဲ့ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် က ရှေ့တန်း၊ နောက်တန်းနဲ့ အခြေခံစစ်သင်တန်းတွေအပါ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထိန်းချုပ်နယ်မြေအတွင်း ပြည်သူကို လှည့်ဖျားမည့် ရွေးကောက်ပွဲအတု မကျင်းပနိုင်ရန် ဆန့်ကျင်သွားမည်ဟု ဒူးသထူခရိုင်-ဖားအံမြို့နယ် KNU ကြေညာ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို KNU ဗဟိုရဲ့ သဘောထားအတိုင်း ဆန့်ကျင်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထူခရိုင် - ဘားအံမြို့နယ် အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ကြေညာပါတယ်။
Read More

စစ်ကောင်စီရဲ့ လေယာဉ်တွေကို ရပ်တန့်ဖို့ AirBus2AirStrikes Campaign မှာ ပူးပေါင်းပါဝင်ကြပါ

AirBus2AirStrikes Campaign မှာ ပြည်သူတွေ နိုင်တဲ့ဘက်က ပိုမိုအားဖြည့်ပြီး ပါဝင်ပေးမှသာ တော်လှန်ရေးခရီးအောင်မြင်မှာဖြစ်တယ်လို့ Blood Money Campaign က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီကနေ ဥရောပရဲ့ အင်အားကြီး…