မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစ​ကြိုမြို့နယ်မှာစစ်ကြောင်းနောက်ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ (ခလရ) တပ်ရင်းတွေ ပခန်းမြို့မြောက်ဘက်လမ်းခုလတ်တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီးဖြစ်သူနဲ့ စစ်ကြောင်းမှူးတွေ အပါအဝင် ထိခိုက်သေဆုံးသူ များ​ပြားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဆီ အလံဖြူထောင် ထွက်ပြေးတဲ့ တပ်သားတွေကိုလည်း ကျန်တဲ့တပ်သားတွေက အချင်းချင်း ပြန်ပစ်သတ်တာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း Southern YSO PDF  က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ရက်၊ မနက်အစောပိုင်းက ပခန်းမြို့ကနေ ရေစကြိုကို ထွက်လာတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၅၆၊ ၂၅၇ ၊ ၂၅၈) တပ်ရင်းတွေနဲ့ Southern Local တပ်ပေါင်းစုတွေ ပခန်းမြို့မြောက်ဘက် လမ်းခုလတ်တစ်နေရာမှာ ၄၅မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်များခဲ့တဲ့အတွက် ရေစကြို ခလရ ၂၅၈ တပ်နဲ့ တောင်အိုဂိတ်တို့ကနေပါ ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီးပစ်ကူတွေ၊ မြေပြင်စစ်ကူတွေ လုပ်ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။

အဲ့ဒီနောက်မှာတော့ တော်လှန်ရေးတပ်တွေက ခဲယမ်းလိုအပ်ချက်ကြောင့် အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့ရတယ်လို့လည်း Southern YSO PDF  တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေဆီက MA3 သေနတ် ၁လက် ၊ MA1 သေနတ် ၄လက်နဲ့ ခဲယမ်းအများပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပွဲချိန်အတွင်း စခအကောင်ရေ ၂၀ ကနေ ၂၅ အထိ မြေပြင်ကို တုံးလုံးပက်လက် ထိမှန်ခြင်း၊ စခတချို့ ထွက်ပြေးခြင်း၊ တပ်သားအချို့ အင်္ကျီချွတ် သေနတ်ထိပ်ချိတ်ပြီး အလံထောင်ပြခြင်း၊ အလံထောင်ပြီး PDF ညီကိုတွေဆီ ပြေးလာတဲ့တပ်သားတွေကို စကစတွေက အချင်းချင်း ပစ်သတ်ခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့လည်း Southern YSO PDF တာဝန်ရှိသူက တိုက်ပွဲအခြေအနေတွေကြောင်း ပြောကြားထားပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်ကြီး၁ယောက် အပါအဝင် ၁၀ယောက်သေပြီး စစ်ကြောင်းမှူးဖြစ်သူ သုံးပွင့်ဗိုလ် ကျော်လင်းဦးလည်း ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် တပ်စုတပ်ကြပ်ကြီး ကျော်သီဟထွန်းလည်း ပေါင်ကို ကျည်ဖောက်ထွက်ပြီး လိင်အဂ်ါနဲ့ထိစပ်နေတာကြောင့် အချိန်မီ မခွဲစိတ်ရင် သေဆုံးနိုင်ကြောင်း Southern YSO PDF တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေထဲက စစ်သား၄ယောက်ဟာ ပခုက္ကူဆေးရုံမှာအရေးပေါ် တက်ရောက်ကုသနေရပြီး သေဆုံးနိုင်ကြောင်းသိရပါတယ်။

ဒီတိုက်ပွဲမှာ Southern Local တပ်ပေါင်းစုဖြစ်တဲ့ Southern YSO PDF ၊  Yesagyo Revolution Group (YSG)၊ ဒေါင်းညီနောင် PDF ၊ ဒေါင်းစစ်သည် PDF ၊ ပြည်သူ့အားမာန် PDF နဲ့ King Cobra တို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Southern YSO PDF မှ ထုတ်ပြန်သော တိုက်ပွဲပုံရိပ်များ (Southern YSO PDF ၏ ရုပ်သံမှတ်တမ်းမှ)

0 Shares:
You May Also Like
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေတဲ့အပေါ် “ STOP THE JUNTAS WAR ON THE CHILDREN OF MYANMAR - ဒို့ကလေး တွေကို သတ်ဖြတ် နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။