စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မင်းကွန်းရဲစခန်းကနေ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ၂ ပွင့်ဗိုလ် မြင့်လွင်ကို မင်းကွန်းရွာ လမ်းတစ်နေရာမှာ ဟန့်တားဖမ်းဆီးရာ လက်မခံဘဲ ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတာ ဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ မြင့်လွင်ဟာ မင်းကွန်းနယ်သားဖြစ်ပေမယ့် မင်းကွန်းရဲစခန်းကို ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတာ ၂ လပဲကြာသေးတယ်လို့ သိရပါတယ်။

“အဲ့ရဲက မင်းကွန်းစခန်းကနေ သူ့မိသားစုဆီ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးပြီး ပြန်လာတာပေါ့။ ကျနော်တို့က သတင်းအတိကျရတော့ စောင့်ဖမ်းတယ်။ သူကလက်မခံဘဲထွက်ပြေးတော့ ပစ်ဖမ်းလိုက်ရတဲ့သဘောပါ။ နေရာက မင်းကွန်းရွာထဲကတင်ပါ။ ရဲစခန်းနဲ့တစ်မိုင်ပဲဝေးပါတယ်” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ၂  ပွင့် ရဲအရာရှိ မြင့်လွင်

ဒီပစ်ခတ်ရှင်းလင်းမှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ပါဝင်တဲ့ Road To Mandalay နဲ့အတူ Royal Falcon (Sadaung Falcon) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“၂ ပွင့်ဗိုလ်နဲ့ ရဲက ရဲစခန်းမှာအကြီးဆုံးဆိုတော့ ဒါတောင်အရှင်းခံရတယ်ဆိုရင် ကျန်တာတွေတုန်လှုပ်နေကြမှာပဲ။ ကျနော်တို့ကလည်း စစ်ကောင်စီဒေါက်တိုင်မို့သာ ဖမ်းဆီးဖို့ကြိုးစားခဲ့တာပါ။ ပစ်ခတ်ရှင်းလင်းခဲ့ရတာပါ” လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Road To Mandalay အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက် ညနေပိုင်းကလည်း မင်းကွန်းတိုက်နယ်ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကိုင်းပြည်သူ့စစ်ခေါင်းဆောင် ရွှေကျားနဲ့အဖွဲ့ကို မင်းကွန်း-စစ်ကိုင်းလမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်ပကဖရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသလက်အောက်မှာရှိတဲ့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ အပတ်စဥ် က/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို‌ ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

96 Soldiers တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား

စစ်ကိုင်းတိုင်း၊ လွတ်မြောက်နေရာဒေသတစ်ခုမှာ 96 Soldiers - PDF တော်လှန်ရေးတပ်ဖွဲ့ရဲ့ တည်ထောင်ခြင်း ၃နှစ်ပြည့်အခမ်းအနားကို မနေ့က အောက်တိုဘာ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ် အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခြံအမှတ် (၅၄) ရဲ့ လေလံကြမ်းခင်းစျေးကို လျှော့ချပြီး လေလံပစ်ဖို့ တောင်းဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တရားရုံး ကိုကန့်ကွက်ထား

ခြံအမှတ် ၅၄ နေအိမ်နဲ့ ခြံကို လေလံကြမ်းခင်းဈေးလျှော့ဖို့ ဦးအောင်ဆန်းဦးရဲ့ အဆိုကို ကန့်ကွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က  တရားရုံးကို လျှောက်လဲချက်တင်သွင်းခဲ့ပါတယ်။
Read More

စစ်တပ်နှင့် လက်တွဲညီသူကိုသာ မဲထည့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှက်မရွံ့ မဲဆွယ်

ဒီမိုကရေစီစနစ် ပျက်စီးအောင် လက်နက်နဲ့ အာဏာသိမ်းလိုက်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲက အလွန်အရေးကြီးတဲ့အတွက် စစ်အုပ်စုနဲ့ လက်တွဲညီသူကိုသာ မဲထည့်ဖို့ မရှက်မရွံ့ ပြောကြားလိုက်ပါတယ်။