မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းကုန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Chin Defence Force – Asho က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် စစ်ကောင်စီရဲ့ ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးက ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို CDF – Asho က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စခန်းကုန်းကို အနီးကပ် နေရာယူပြီး တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်က အနည်းငယ်သာ ပြန်လည်ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီးနောက် စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ CDF – Asho က ဆိုပါတယ်။

“စခန်းသိမ်းတယ်လို့တော့ ပြောမရဘူးပေါ့။ ရန်သူကထွက်ပြေးသွားတဲ့အတွက် ခဏတာ ကုန်းပေါ်တက်ပြီး ဖျက်ဆီးနိုင်ခဲ့တယ်ပေါ့။ ထိန်းထားနိုင်တာမဟုတ်လို့ပါ” လို့ CDF -Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။

ပဒါန်းမြို့အနောက်ဘက်မှာရှိတဲ့ ဘုရားတောင်စခန်းကုန်းဟာ ရဲနဲ့စစ်သားတွေစခန်းချတပ်စွဲရာဖြစ်ပြီး အနီးအနား ပျဥ်းဝဂိတ်နဲ့ စုပေါင်းဂိတ်တွေမှာ တပ်ဖြန့်ပြီး လုံခြုံရေးယူတာမျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပျဥ်းဝစစ်ဆေးရေးဂိတ်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ပဒါန်းမြို့အနီးက စစ်ကောင်စီတပ်စခန်းတွေဆီ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

CDF – Asho ရဲဘော်တွေအနေနဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ ဘုရားတောင်စခန်းကုန်းရှိ စစ်ကောင်စီတပ်သားတွေ နေထိုင်ရာ အဆောင်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို စခန်းသိမ်းပြီး ၁ ရက်အကြာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စခန်းကုန်းအနီးရှိ ဂုတ်ဝနဲ့ ရေနွယ် အရှိုချင်းကျေးရွာတို့က အပြစ်မဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“လက်ရှိသိရသလောက် အရှိုချင်းရွာ ၂ရွာက ဒေသခံ ၁၄ဦးဝန်းကျင်အထိဖမ်းဆီးခံထားရတယ်ပေါ့နော်။ပြန်လွတ်လား၊ ဖမ်ဆီးခံထားရသေးလားတော့မသိရသေးပါဘူး” လို့ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ)၊ Yaws’ People Defense Force - YPDF ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၆) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာ့အဏုမြူ ဖိုရမ်တက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ယနေ့မနက် ထွက်ခွာ

အာဏာလု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ္ဘာ့အဏုမြူ ဖိုရမ်-၂၀၂၅ ကို တက်ရောက်ဖို့အတွက် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်အားပေး သတင်းထုတ်ပြန်ရေးတွေက ဖော်ပြထားပါတယ်။
Read More

နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျုစောထီး စနိုက်ဘာနဲ့ ပစ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF အနေနဲ့ တည်ထောင်ခြင်း(၄)နှစ်ပြည့်တဲ့ မနေ့က စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးလှူခဲ့ရတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘန့်ဘွေးရွာမှ ထွက်လာသည့် စစ်အုပ်စုနှင့် ပျူစောထီးတို့၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျုစောထီးတွေရဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရင်းမြစ်ဌာနေဆီက သိရပါတယ်။