တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ နယ်စပ်ဖြတ်ကျော်ဖို့ကြိုးစားတဲ့ အမျိုးသားတွေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ယောက်သေဆုံးကာ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၅ရက်နေ့က ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက် ကျေးရွာ၊ တောင်ဒဂုံဆီအုန်းခြံအတွင်းပုန်းအောင်းနေတဲ့ လူအယောက် ၆၀နီးပါးကို ဘုတ်ပြင်းစစ်တပ်နဲ့ ရဲက အင်အားသုံး ဝင်ရောက်ဖမ်းဆီးရင်း သေနတ်နဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။

ဒီလို ပစ်ခတ်ဖမ်းဆီးခံရမှုကြောင့် ထိုင်းနိုင်ငံကိုတရားမဝင် အလုပ်သွားရောက်လုပ်ကိုင်ဖို့ ကြိုးစားတဲ့ အမျိုးသား၁ယောက် နေရာတင် သေဆုံးပြီး ၂ယောက်ကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားထိခိုက်ဒဏ်ရာရသူတွေလည်း ရှိ​သေးပြီး ကျန်တဲ့အယောက် ၆၀နီးပါးဟာ ဘုတ်ပြင်းမြို့ အားကစားခန်းမအတွင်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

“ထောင်ခမက်အုပ်စု၊ တောင်ဒဂုံ ဆီအုန်းပိုင်နက်မှာလူ အယောက် ၆၀လောက်ရောက်နေတာကို ထောင်ခမက်အုပ်ကြီးကသတင်းရတော့ ဘုတ်ပြင်းရဲနဲ့ စခတွေကိုသတင်းပို့လိုက်တယ်။ အဲ့မှာ စခနဲ့ရဲပူးပေါင်းပီအင်အားနဲ့ အဲ့နေရာကိုဝင်ဖမ်းတာပါပဲ။ သေနတ်နဲ့ပါ ပစ်ဖမ်းလို့ လူ၃ယောက်ထိတယ်။  ဘုတ်ပြင်းဆေးရုံရောက်တော့ ၁ယောက်သေတယ်။ ကျန်တဲ့ ၂ယောက်ကတော့ ဆေးကုသမှုခံယူနေရတယ်ပေါ့။ ထိတဲ့၁ယောက်ကလည်း လည်ပင်းထိလို့ ခွဲထားရတယ်။ စိုးရိမ်ရတယ်ပေါ့။ ကျန်တာတွေကတော့ ခြေတွေလက်တွေထိကြတာပါ။” လို့ ဒေသတွင်း တော်လှန်ရေးသတင်းရင်း​မြစ်က မောင်းကိုပြောပါတယ်။

အဲ့ဒီလိုပစ်ခတ်ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အများစုဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေသလို လက်ရှိ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

“သေချာတာကတော့ ဘောလုံးတွေပါ။ ဘောလုံးဆိုတာ လူပွဲစားနဲ့ တရားမဝင် ပြည်ပထွက် အလုပ်လုပ်သူတွေပြောတာပေါ့။ ဒေသအခေါ်ပါ။ အဲ့ဒါ အခု ပွဲစားတွေအချင်းချင်းလည်း စကားများနေတယ်ပေါ့။ ဖမ်းတဲ့နေရာက ထောင်ခမက် သင်္ချိုင်းထဲလည်းပြောတယ်။” လို့ ဒေသတွင်း တော်လှန်ရေးသတင်းရင်း​မြစ်က မောင်းကိုပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက အမျိုးသားတွေကို စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ပြည်ပထွက်ခွင့်တွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ နီးစပ်ရာအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ကြိုးစားကြပြီး ဒီလိုသွားလာရာမှာလည်း အာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံရတာ၊ ယာဥ်မတော်တဆဖြစ်တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ် အသုံးပြုနေသည်ဟု မင်းအောင်လှိုင် စွပ်စွဲ

အင်အားကြီးနိုင်ငံတွေက မီဒီယာတွေကို သူတို့အလိုကျ ဝင်ရောက်ခြယ်လှယ်ပြီး လက်ကိုင်တုတ်အဖြစ်  အသုံးပြုနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ပြည်တွင်းတွင် ဆိုလာပြားများ လုံလောက်အောင်ထုတ်လုပ်ရန် မင်းအောင်လှိုင် ပြော၊ ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များ ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံရန် ပြောပြန်

လျှပ်စစ်ဓာတ်အား လုံလောက်စွာ မပေးနိုင်တော့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုလာပြားတွေ ပြည်တွင်းမှာ လုံလောက်စွာ ထုတ်လုပ်နိုင်ဖို့နဲ့ ထုတ်လုပ်မှုတိုးတက်ရေးအတွက် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဇွန်လ ၂၁ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

KK park ပြဿနာ နောက်ဆက်တွဲကြောင့် မြဝတီမှ ကုန်ပစ္စည်းများ သယ်ယူစားရိတ် ၅ ဆအထိ မြင့်တက်နေ

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK park နေရာကို စစ်တပ်ကနေ ဝင်စီးပြီးနောက်ပိုင်းမှာ မြဝတီကနေ ကုန်ပစ္စည်းသယ်ယူစားရိတ်တွေဟာ ၅ ဆ အထိ မြင့်တက်လာနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေထံက သိရပါတယ်။
Read More

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ စစ်ကောင်စီတပ်စခန်း ၁၁ ခု သိမ်းပိုက်နိုင်ခဲ့

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မောထစခန်း၊ ပဲဒတ်စခန်းနဲ့ သိန္တောရွာစခန်းတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် KNDF ထံခိုလှုံလာလို့ ကောင်းမွန်စွာ စောင့်ရှောက်ထား

ကရင်နီပြည် KNDF ထံ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် အလင်းဝင်ခဲ့ပြီး KNDF က ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနေ့ကထုတ်ပြန်ပါတယ်။