သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်က သျှမ်းအလံတော်နဲ့ သျှမ်းဘာသာစကားတို့ပါရှိတဲ့ မြို့အဝင် မုခ်ဦးကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တအန်းအမျိုးသားအလံ ပုံစံနဲ့အရောင်တို့ကို အစားထိုးပြီး သျှမ်းစာရေးထိုးထားတာတွေကို ဖျက်ဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်လာပါတယ်။  

အခုလို မုခ်ဦးပြောင်းလဲမှုတွေကို TNLA က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

TNLA ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ PDF တပ်ဖွဲ့ဝင်တွေနဲ့အတူ သီပေါမြို့ကို စစ်ကောင်စီလက်အောက်ကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် TNLA  က အများပြည်သူရဲ့ သဘောဆန္ဒမပါဘဲ လူမျိုးစုတစ်ခုတည်းကို ကိုယ်စားပြုတဲ့ အသွင်ပုံစံပြောင်းလဲခြင်းဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အာဏာရှင်တော်လှန်ရေးကို အကြောင်းပြုပြီး နယ်ချဲ့ဝါဒကို ကျင့်သုံးလာသလားလို့ တွေးထင်စေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် TNLA တပ်ဖွဲ့ဟာ စစ်ကောင်စီနည်းတူ သီပေါနဲ့ ကျောက်မဲမြို့နယ်တို့မှာ လူငယ်တွေကို စစ်မှုထမ်းစေခိုင်းမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာကြောင့် ဒေသခံတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင် အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ကြုံတွေ့ခံစားနေရတယ်လို့ ဆိုထားပါတယ်။ 

ဒါကြောင့် သျှမ်းအရပ်ဘက်အဖွဲ့အစည်းတွေဖြစ်တဲ့ Tai Student Union၊ SL& CC universities of Yangon၊ Kunhing Organization၊ Tai Youth Yangon-TYY နဲ့ Global Shan Network-GSN တို့က ဒေသခံပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး TNLA ရဲ့ အခုလို မြို့အဝင်မုခ်ဦး ပြောင်းလဲမှု အပေါ် အပြင်းအထန် ကန့်ကွက်ပြီး ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုကြောင်း ဆိုပါတယ်။ 

ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ TNLA နဲ့ လက်တွဲနေကြတဲ့ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ သျှမ်းလူမျိုးစု နိုင်ငံရေးပါတီတွေ၊ သျှမ်းတပ်မတော်တွေအနေနဲ့ ဒေသခံပြည်သူအကျိုးကို မျက်နှာမူပြီး ဝိုင်းဝန်းညှိနှိုင်းဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခင် သီပေါမြို့အဝင် မုခ်ဦး
သီပေါမြို့အဝင် မုခ်ဦးကို ယခု မြင်တွေ့ရပုံ (ဓာတ်ပုံ – သျှမ်းသံတော်ဆင့်)
0 Shares:
You May Also Like
Read More

နွားထိုးကြီး၊ ပဲချက်ရွာကို စစ်အုပ်စု စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲ၊ ၄ ဦး သေဆုံးပြီး ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ၄ ယောက် သေဆုံးပြီး ကလေးငယ်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူအချို့ စားနပ်ရိက္ခာများ ပို့ဆောင်ရောင်းချနေဟု ဆို

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူတချို့က စားနပ်ရိက္ခာတွေ ပို့ဆောင်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးဗြဲမြို့တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့သည့် Loikaw Local PDF မှ ရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့ဘန်လောရွာနဲ့ အနောက်ဘန်လောရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က ထုတ်ပြန်ထားပါတယ်။
Read More

ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတည်ထောင်ခြင်း (၃၆) နှစ်ပြည့်မှုကို CRPH သဝဏ်လွှာပေးပို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတွန်းလှန်ဆန့်ကျင်ခဲ့တဲ့ သမိုင်းဝင် နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြောဆိုလိုက်ပါတယ်။