ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလကုန်ကို နောက်ဆုံးထားပြီး ထွက်ခွါသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ အမှတ်(၂) နည်းဗျူဟာက  ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက်မှာ အမိန့်ကြေညာစာတစ်ရပ်အနေနဲ့ DKBA က ထုတ်ပြန်လာတာဖြစ်ပြီး တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက်ကို နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ အမိန့်ထုတ်ထားပါတယ်။ 

ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးအတွက် ထိုင်းအစိုးရက ဘုရားသုံးဆူကို လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ(စက်သုံးဆီ) ဖြတ်တောက်ခြင်းကြောင့် ဒေသခံပြည်သူတွေ အကျိုးစီးပွား ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ် ခံစားနေရတယ်လို့လည်း DKBA က ဆိုပါတယ်။ 

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက်ဟုဆိုကာ မြန်မာပြည်တွင်းက နေရာ ၅ခုကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြန့်ဝေနေတာတွေကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ဘုရားသုံးဆူမြို့နယ်အတွင်း တရုတ်နိုင်ငံသားတွေ ထပ်မံ မဝင်ရောက်နိုင်ဖို့ကိုလည်း ပိတ်ပင်တားဆီးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျားဖြန့်အပါအဝင် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ရက်အတွင်း ထွက်ခွါမှုမရှိရင် ရှာဖွေအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကလေးဝမြို့နယ်၊ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် (၁) ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ၂၃ နှစ်အရွယ် ကျဆုံးရဲဘော် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း၏ စျာပနအခမ်းအနား

အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းရဲ့ စျာပနအခမ်းအနားကို ပြည်သူတွေနဲ့ ကျန်ရစ်သူရဲဘော်ရဲ‌ဘက်တွေက မေလ( ၃၁) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း - People's Defence Force - South Monywa က ထုတ်ပြန်ထားပါတယ်။
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။
Read More

တိုက်ပွဲများတွင် ယှဥ်နိုင်စွမ်းမရှိသော အကြမ်းဖက်စစ်တပ်မှ ကစဉ့်ကလျား ထွက်ပြေးလာသည့် စစ်သားများကို ဆက်တိုက်ဖမ်းမိနေကြောင်း AA ထုတ်ပြန်

ရခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်တပ်တို့ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါတိုက်ပွဲတွေကနေ အလံဖြူထောင် လက်နက်ချတဲ့ စစ်သားတွေ၊ ကစဥ့်ကလျား ထွက်ပြေးလာတဲ့ စစ်သားတွေကို ဆက်တိုက်ဖမ်းဆီးရမိနေတယ်လို့ AA က ဆိုပါတယ်။