ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ ချင်းညီ‌နောင်တပ်ဖွဲ့ဝင်များရဲ့ စစ်အာဏာရှင်ဖြုတ်ချရေး ပူးပေါင်းတိုက်ပွဲများနှင့်အတူ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ လွှင့်ထူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“တပ်ဖွဲ့ဝင်တွေရဲ့ ရင်ချင်းအပ် ကျောချင်းကပ်ပြီး မလျှော့သော ဇွဲလုံ့လဝိရိယကြောင့် အောင်မြင် ခြင်း မှတ်တိုင်တစ်ခုကို ပူးပေါင်းစိုက်ထူနိုင်ခဲ့ကြ တာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဝိတိုရိယတောင်ဟာ ချင်းပြည်နယ် ကန် ပက်လက်နဲ့ မင်းတပ်မြို့နယ်မှာတည်ရှိပြီး စစ်အာဏာမသိမ်းခင်က ခရီးသွားတွေ တောင်တက်ဝါသနာရှင်တွေနဲ့အထူးစည်ကားခဲ့တဲ့နေရာပဲဖြစ်ပါတယ်။

ချင်းပြည်နယ်ကမြို့သိမ်းတိုက်ပွဲတွေမှာ AA ဟာ ချင်းညီနောင်တော်လှန်ရေးအင်အားစုတွေကို စစ်ရေးအရအကူအညီပေးမှုတွေပြုလုပ်လျက်ရှိပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေဟာ ချင်းပြည်နယ်အတွင်းရှိ မင်းတပ် ၊ မတူပီ ၊ မကွီအိမ်နူး ၊လိုင်လင်းပီ ၊ ဝေဘူလ ၊ကန်ပက်လက် နှင့်ကျင်ဒွေးမြို့ တို့ကိုသိမ်းပိုက်ထားပြီဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတ အလေးပြုကြ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပေါက်မှာ စစ်အုပ်စုတွေ ရက်ဆက် မိုင်းမိပြီး ၁၅ ယောက် ထက်မနည်း သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့စစ်တွေကို မိုင်းခွဲတိုက်ခိုက်ရာ ၁၅ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဆိုးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက် 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီရဲ့ သိမ်ကုန်းတာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၂၁) ၊ ပြည်ခရိုင် ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။