စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်ခွာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်ယာဉ်တန်းဟာ အင်အား ၃၀၊ သံပြားကာကား ၃ စီးနဲ့ နမခထဲက ထွက်လာပြီး ချောင်းဦး-မြင်းမူ ကားလမ်းမပေါ်က ငွေကမ္ဘာမင်း စက်သုံးဆီဆိုင်အနီးမှာ ခရီးသွားကားတွေကို ဆတ်ကြေးကောက်နေတယ်လို့ သတင်းရရှိထားတာကြောင့် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ပထဆုံးက မိုင်းဆွဲတာ အဲ့မှာ ၃ စီးမြောက်ကားက ထိသွားပြီး ၂ ကီလိုမီတာလောက် အကွာမှာ ထိုးရပ်သွားတယ်၊ မိုင်းဆွဲတဲ့ ဖြစ်စဉ်မှာတော့ ၃ ယောက် ဒဏ်ရာရတယ်လို့ သတင်းရထားပါတယ်” လို့  𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နမခ မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်စဉ်

ကားထိုးရပ်သွားပြီးနောက် မိုင်းဆွဲခံရတဲ့ နေရာကို ကျော်တက်သွားတဲ့ကားတွေက ပြန်လှည့်လာကာ ဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး ခရီးသွားပြည်သူကားတွေကို အကာအကွယ်ယူကာ သန်လွင်မြန်မာ စက်သုံးဆီဆိုင်ကို ခြေလျင်လျှောက်သွားကြတယ်လို့ သိရပါတယ်။

အဲဒီနောက် သံလွင်မြန်မာ ဆီဆိုင်မှာ အဆိုပါ စစ်သားတွေ နားနေစဉ်အချိန်မှာပဲ တော်လှန်ရေးတပ်တွေက ထပ်မံပြီး ဒရုန်းနဲ့ ၂ ကြိမ်၊ ဗုံး ၈လုံး  ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ဒီတိုက်ခိုက်မှုမှာက စစ်သား ၅ ဦးသေပြီး ၂ ဦးကတော့ အသေးစား ဒဏ်ရာရရှိသွားပါတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ညနေ ၅ နာရီ ဝန်းကျင်အချိန်မှာလည်း သံလွင်မြန်မာ ဆီဆိုင်ကနေ မုံရွာ- ပခုက္ကူ-မန္တလေး လမ်းဆုံးအနီးက စစ်ကောင်စီဂိတ်ကို အဆိုပါ တပ်သား ပြန်လည်ဆုတ်ခွာလာစဉ်မှာ ဒရုန်းနဲ့ ဗုံးသီး ၆လုံး ထပ်မံကြဲချတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နမခ မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်စဉ်

“တစ်ရက်ထဲကို ၃ကြိမ်တိုက်ခိုက်ခဲ့တာပါ၊ စုစုပေါင်း စစ်သား ၉ဦး သေဆုံးပြီး ၂ဦး ပြင်းထန် ဒဏ်ရာနဲ့ အသေးစား ဒဏ်ရာရသူ ၃ဦးပါ” လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပကဖ ဒရုန်း လက်ရုံးတပ်၊ မုံရွာခရိုင် အမှတ် – ၈ တပ်ရင်း၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း (တပ်ခွဲ -၃)၊ ငမိုးရိပ်စစ်ကြောင်း (Nga Moe Yeik column)၊ နွေဦးညီအကိုများ စစ်ကြောင်း (Nway Oo Brothers column)၊ Eleven People Defense Force၊ မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ထံ လျှောက်ထားမှုအပေါ် လက်ခံကြိုဆိုကြောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေ အသီးသီးထုတ်ပြန်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လျှောက်ထားလိုက်မှုအပေါ် လွတ်လပ်တဲ့ အရပ်ဖက်အဖွဲ့အစည်း အများစုက လက်ခံကြိုဆိုကြောင်း ပူးတွဲကြေညာချက်တွေ ထုတ်ပြန်ပါတယ်။
Read More

ကုန်ကားများကို ဆက်ကြေးကောက်နေသည့် ရဲလင်မယား ပစ်ခတ်ခံရပြီး ရဲယောက်ျား သေဆုံး၊ ကိုယ်ဝန်သည် ရဲမိန်းမကို ပြန်လွှတ်ပေးခဲ့

မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်မှာ ကုန်ကားတွေဆီက ဆက်ကြေးငွေကောက်နေတဲ့ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ရာ ရဲအမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဖြစ်သူကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

ပျော်ဘွယ်တွင် ဆိုင်ကယ်နှင့်ထွက်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့လိုတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဇွန်လအတွင်း မင်းကွန်းဒေသ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အယောက် ၅၀ ထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသမှာ ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

အောက်တိုဘာလအတွင်း လူသားချင်းစာနာမှုနှင့် သဘာဝဘေး ခံစားရသူများအတွက် ငွေကျပ် (၂၁၃.၁၂) သန်း ပံ့ပိုးနိုင်ခဲ့ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမှန်တကယ် လိုအပ်နေသူတွေအတွက် ငွေကျပ် (၂၁၃.၁၂) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့ EV ကား စက်ရုံတွေဆီ သွားရောက်ကြည့်ရှုခဲ့ဟု ဆို

အာဏာသိမ်း စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့  မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ တင်သွင်းနေတဲ့ EV ကားထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။