မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို နေ့စဉ်ကျူးလွန်နေပြီး အခုလို လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ ဖမ်းဆီးမှုဟာ လစဉ်မြင့်တက်နေတယ်လို့ မန္တလေးသပိတ်အင်အားစုက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း မန္တလေးက အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန် အစရှိတဲ့ မြို့နယ် ၇ ခုက လူငယ် ၂၀၀ ကျော်ဟာ စစ်မှုထမ်းဖို့ အကြမ်းဖက်ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီး နောက် တစ်နိုင်ငံလုံးက လူငယ် အမျိုးသား၊ အမျိုးသမီးတွေသာမက လိင်စိတ်ခံယူမှုကွဲပြားသူတွေကိုပါမကျန် လူ့အခွင့်အရေး ချိုးဖောက်ပြီး စစ်မီးအတွင်းကို ဆွဲသွင်းနေတာက အထင်အရှားဖြစ်တယ်လို့ မန္တလေး သပိတ်အင်အားစုက ဆိုပါတယ်။

မန္တလေးက မြို့နယ် (၇) ခုအတွင်း ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ (၃၁) ရက်အထိ တစ်လတာအတွင်း စစ်မှုထမ်းဖို့ မတရားအဖမ်းဆီးခံရသူ လူငယ်စာရင်းကို ပြုစုခဲ့ရာ အောင်မြေသာဇံမြို့နယ် (၃၂) ယောက်၊ ချမ်းအေးသာဇံမြို့နယ် (၂၇) ယောက်၊ မဟာအောင်မြေမြို့နယ် (၄၆) ယောက်၊ ချမ်းမြသာစည်မြို့နယ် (၃၀) ယောက်၊ ပြည်ကြီးတံခွန်မြို့နယ်(၃၅) ယောက်၊ ပုသိမ်ကြီးမြို့နယ် (၃၄) ယောက်နဲ့ အမရပူရမြို့နယ် (၃၃) ယောက်၊ စုစုပေါင်း (၂၃၇) ယောက်ထက်မနည်း မတရားဖမ်းဆီးခံခဲ့တယ်လို့  ဖော်ပြထားပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မနေ့က ဖေဖော်ဝါရီ ၄ရက်နေ့မှာ  ပြောကြားပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေဟာ အခုဆို တစ်နှစ် ပြည့်ခဲ့ပြီဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကိုလည်း စစ်ကောင်စီက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်တယ်ဆိုပြီး စစ်ကောင်စီက ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ခဲ့ပြီး အခုဆိုရင် အပတ်စဉ် (၉) အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ ပြည်သူ အယောက် ၃၀ ကျော် သေဆုံးကာ အယောက် ၇၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Justice Soldier PDF တပ်ဖွဲ့မှ သင်တန်းသားသစ်များ စိစစ်ခေါ်ယူနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ရန်ကုန်မြို့လယ်‌ခေါင်မှာ စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အဖြစ် All Power To The People (အာဏာအားလုံး လူထုဆီသို့) စာသားပါ ဘန်နာ ချိတ်ဆွဲ ဆန္ဒထုတ်ဖော်…

ရန်ကုန်မြို့လယ်‌ခေါင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးတင်းကြပ်မှု အထပ်ထပ်ကြားက စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်နေ့အနေနဲ့ ' All Power To The People (အာဏာအားလုံး လူထုဆီသို့) ' ဆိုတဲ့ ဘန်နာကို တော်လှန်လူငယ်တွေ ချိတ်ဆွဲခဲ့တယ်လို့ General Strike Committee - GSC က ထုတ်ပြန်ထားပါတယ်။
Read More

မိုးမိတ်ခရိုင် ပ.က.ဖ က မြို့နယ်အတွင်းရှိ ကျေးရွာဘောလုံးကွင်းကို ပြုပြင်ထိန်းသိန်းပေး (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ ကျေးရွာတစ်ရွာရဲ့ ဘောလုံးကွင်းကို မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ ) ရဲ့ ရဲဘော်တွေက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ကျေးလက်နေ လူငယ်တွေ ဘောလုံးကစားနိုင်အောင် ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မိုးမိတ်ခရိုင် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။