စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၂ရက်၊ မနက်ပိုင်းက အရာတော်မြို့ တောင်ဘက် ငွေတွင်းကျေးရွာက ထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးအဖွဲ့တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“၂ ရက်နေ့ ၊ ၉ နာရီလောက်မှာ သူတို့ (စစ်အုပ်စု) က  ငွေတွင်းရွာ ပတ်ချာလည်ကို ကင်းလှည့်လာတာနဲ့ ကျနော်တို့က တိုက်ခိုက်ခဲ့တာပါ။ အင်အား ၄၀လောက်တော့ ပါပါမယ်။ ထိခိုက်သေဆုံးမှုတွေက ရှေ့တန်းသတင်းရင်းမြစ်ရော နယ်မြေရင်းမြစ်တွေရောက အတည်ပြုထားတာပါ။” လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲဆင်နွှဲနေစဉ်

နာရီဝက်အကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သားနဲ့ပျူစောထီး ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ဗျူဟာ (၆၆) စစ်ကြောင်းတွေဖြစ်တဲ့ (မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉၊ ၂၁၊ ၂၆) တို့နဲ့အတူ အရာတော်မြို့နယ်ပကဖအဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေ ပါဝင်ခဲ့တယ်လို့ တာဝန်ရှိသူကပြောပါတယ်။

အရာတော်မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ငွေတွင်းကျေးရွာဟာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ မဘသ ပျူစောထီးခေါင်းဆောင် ကျော်ဇေရဲ့ဦးဆောင်မှုနဲ့အတူ ပျူစောထီးတပ်ဖွဲ့စည်းထားတဲ့ ကျေးရွာဖြစ်ပြီး အရပ်သားတွေဟာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိရာကို ခိုလှုံပြောင်းရွှေ့နေထိုင်ကြောင်းသိရပါတယ်။

လက်ရှိမှာ ငွေတွင်းကျေးရွာအတွင်း စစ်ကောင်စီတပ်စိတ်တစ်စိပ်အပါအဝင် အင်အား ၇၀ ကျော်လောက်နဲ့ တပ်စွဲထားတယ်လို့လည်း  မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉ ၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့မဟာဗန္ဓုလတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ရေထဲခုန်ချ

ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်ကနေ နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ အမျိုးသမီးတစ်ဦး ရေထဲခုန်ချပြီး ကိုယ်ကိုယ်ကို သတ်သေမှု ဖြစ်ပွားကာ သေဆုံးခဲ့ရတယ်လို့ Yangon Rescue Organization အဖွဲ့ ဆီကသိရပါတယ်။ သေဆုံးသွားသူ အမျိုးသမီးရဲ့အမည်၊ အသက်နဲ့ နေရပ်လိပ်စာကို မသိရသေးဘဲ လက်ရှိမှာရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အဆိုပါအဖွဲ့ဆီက သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေး၊ အသက် ၁၅ နှစ်အပါ စစ်သုံ့ပန်း ၃ ဦးဟာ ပေါ်တာဆွဲ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဆီဆုံကုန်းရွာမှာ စစ်ကောင်စီတပ် ရွာပတ်လည် မိုင်းဆင်ကာ လူသတ်ပွဲလုပ်နေ၊ ဒေသခံ ၁၀ ယောက်ကျော် အသတ်ခံထားရပြီး တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ပဲခူးတိုင်း၊ နတ်တလင်းမြို့က ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူ ၁၀ ယောက်ကျော်ကို သတ်ဖြတ်ကာ ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းက စစ်သင်တန်းဆင်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသဆီ စစ်ကောင်စီ အလောတကြီး ပို့ဆောင်နေ

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

တပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာပြင်းထန်သူ ၃ ဦး ရှိ၊ ဗဟိုကင်းနှင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီးပြီး လိုင်းခန်းတစ်ခုပါ ပြိုကျ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တပ်မ ၃၃ (ခြေမြန်ဌာနချုပ်) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သုံးမော်တော်ယာဥ်တွေနဲ့ ဗဟိုကင်းမီးလောင်ပျက်စီးပြီး သေဆုံးသူ ၈ ယောက်အထိိ ရှိခဲ့ကြောင်း သိရပါတယ်။