မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ လနဲ့ချီစစ်​ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်းက အရပ်သားယာတဲတွေကို ဝင်ရောက်စီးနင်းပြီး ရိက္ခာဆန်အပါဝင် အိမ်မွေးတိရိစ္ဆာန်တွေ နဲ့ ဆိုင်ကယ်တွေကို အဓမ္မခိုးယူသယ်ဆောင်သွားကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ဒီနေ့မနက်အစောပိုင်းက မြိုင်မြို့နယ် အရှေ့တောင်ဘက် ညောင်တွင်းကျေးရွာနား ညအိပ်ခဲ့ပြီး ဗျူဟာမှူးလဲပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ မြိုင်၊ စက်မှု (၂)ကို ပြန်လည်မဝင်ရောက်ခင်မှာ စစ်ရှောင်နေတဲ့ ရွာတန်းရှည်ကျေးရွာရဲ့ယာတဲတွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ခိုးယူသယ်ဆောင်သွားကြတာလို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းသတင်းဌာနကို ပြောပါတယ်။
“မြိုင် စက်မှု (၂) စစ်ကြောင်းက ဗျူဟာမှူးနဲ့ ပခုက္ကူကနေ မြိုင်အရှေ့တောင်ပိုင်း ညောင်တွင်းရွာကို ထ်က်လာတဲ့စစ်ကြာင်းက ဗျူဟာမှူးတို့ ချိန်းပြီး အဲ့ရွာမှာညအိပ်ကြတယ်။ ဘာလို့ချိန်းတာလဲတော့မသိပါဘူး။ န​​ယ်မြေအနေအထားကျွမ်းတဲ့သူကိုချိန်းတာလား။ ကျန်းမာရေးအခြေအနေကြောင့်လား။နယ်မြေအနေအထားအရ စစ်ပန်းနေလို့လားဆိုတာတော့တိတိကျကျမသိရပါဘူး။ စစ်ကြောင်းရိက္ခါတွေဝင်ခိုးယူတဲ့တဲတွေက လူတွေလွတ်အောင်ပြေးနိုင်ခဲ့လို့လွတ်တာပါ။ နို့မို့မိခဲ့ရင် အသက်ခံရမှာ” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ ယာတဲအိမ်တွေက နွား(၅)ကောင်၊ ဆိတ် (၁၀)ကောင်နဲ့ ဆန်၊ ဆိုင်ကယ် (၆) စီးတို့ကို ခိုးယူသယ်ဆောင်သွားတယ်လို့ သိရပါတယ်။
အထက်ပါစစ်ကြာင်းဟာ မြိုင်မြို့နယ်အတွင်း ဇန်နဝါရီလ လဆန်းပိုင်းကတည်းက ဝင်ရောက် စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျောင်းကုန်း၊ သံပုရာခြံနဲ့ ချောင်းနားတိုက်ရွာတို့က အရပ်သား နေအိမ် အလုံး (၃၀) နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ်အတွင်း တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကြောင်းတို့ရဲ့ ထိတွေ့တိုက်ပွဲတွေလည်းရှိခဲ့ပြီးစစ်ကောင်စီဘက်က ၆ ယောက်သေကာ ထိခိုက် ဒဏ်ရာပြင်းထန်သူ ၂၆ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာစစ်ကြောင်းအန္တရယ်ကြောင့် မြိုင်အနောက်တောင်ပိုင်းက ရွာ ၁၀ ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရတာဟာ ၁၃ ရက်ကျော်လာပြီလို့လည်း သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်အုပ်စုတွေ ဖျက်ဆီးမွှေနှောက်သွားတဲ့ အရပ်သားယာယီတဲများ
0 Shares:
You May Also Like
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမှာ ဝမ်ပေါင်ကုမ္ပဏီစောင့် စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ Beyond The Chindwin Organization-BCO အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။