စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အနေနဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်က ‘ All Power to the People ‘ စာတမ်းဘန်နာချိတ်ဆွဲကို General Strike Committee ရဲဘော်တွေက ချိတ်ဆွဲပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖက်ဆစ်တပ်ရဲ့ လူထုအပေါ် ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အထွေထွေအကြပ်အတည်းများ၊ အမျိုးသား/ အမျိုးသမီး၊ လူငယ်များပါမကျန် မတရားစစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးမှုများကြား ပူပန်သောကများနေရတဲ့ လူထုနှင့် တသားတည်းရှိကြောင်း၊ လူထုကြီးရဲ့ အာဏာအလုံးစုံသည် လူထုလက်ထဲသို့ ဧကန် ရောက်ရှိရမည်သာဖြစ်ပြီး ကြပ်တည်းပိတ်မိနေကာ ထွက်ပေါက်ရှာလာနေတဲ့ ဖက်ဆစ်တပ်ကို လူထုတရပ်လုံးအားဖြင့် ပိတ်ဆို့ တိုက်ဖျက် အောင်ပွဲအရယူကြမည် ဖြစ်ကြောင်း သတင်းစကားပါးပြောကြားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီဒေါက်တိုင် စျေးဆိုင်တွေမှာ စျေးမဝယ်ကြဖို့ သတိပေးတဲ့အနေနဲ့ အသံမိုင်း ဖောက်ခွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘိုးဘွားရိပ်သာဝိုင်းအနီးက အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃၁ ရက်မှာ အသံမိုင်းပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ The Phoenix Army အဖွဲ့ထံက သိရပါတယ်။
Read More

ကပစ ၂၂ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကနေ မြင်းခြံမြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပခုက္ကူခရိုင် ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြစ်ကြီးနား-တနိုလမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် စစ်သား ၇ ယောက်သေပြီး ၃ ယောက် ဖမ်းဆီးမိ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်လမ်းရှိ ခွန်စိုင်ယာန်စစ်တပ်ဂိတ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး ၃ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက် မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(သရက်ချောင်းမြို့နယ်) ထံက သိရပါတယ်။
Read More

အင်းတော် မြို့မဘုန်းကြီးကျောင်းကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ မြို့မဘုန်းကြီးကျောင်းကို ဧပြီလ ၁ ရက်နေ့တုန်းက စစ်ကော်မရှင်ရဲ့ တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။