ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
(၇၆) နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ကရင် အမျိုးသား အလံတော်နဲ့ တော်လှန်ရေးလုပ်ဆောင်ကြသူတွေကို အလေးပြုခဲ့ပြီး (၇၆) နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်လူငယ်မျိုးဆက်သစ်ကျောင်းက လူငယ်မျိုးဆက်သစ်တွေက ”ထာဝရတည်စေကော်သူးလေ” ဆိုတဲ့ တေးသီချင်းနဲ့ သီဆိုဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ရဲ့ ခေါင်းဆောင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနား တက်ရောက်လာတဲ့ ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ ပဒိုစောသမိန်ထွန်းကို ကရင့်တော်လှန်ရေးနေ့ (၇၆) နှစ်ပြည့်အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး အနေနဲ့ ဂုဏ်ပြုဆုချီးမြင့်ခဲ့ပြီး (KNLA) (KWO) က ပေးပို့တဲ့ (၇၆)နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာတွေကို တာဝန်ရှိသူတွေ ဖတ်ကြားခဲ့တယ်လို့ KNU က ဆိုပါတယ်။
အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (ဗဟို) က ခေါင်းဆောင်တွေဖြစ်တဲ့ အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ဗဟို) က ခေါင်းဆောင် တပ်မှူး တပ်ဗိုလ်တွေ၊ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးကြီး စောဒီးကွယ် ၊ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး ဘထူး၊ ရဲဘော်များအပါဝင် ဒေသခံ ပြည်သူတွေ ပါဝင်တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင့်တော်လှန်ရေးနေ့ အထိမ်းမှတ် အခမ်းအနား ပုံရိပ်များ…
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ဖြူးလမ်းမကြီးဘေး ကျေးရွာများတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ရဲနှင့်စစ်သား ၈ ဦး​ သေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ ဖြူးလမ်းမကြီးဘေး လေးအိမ်စုရွာတို့မှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ် ဗုံးကြဲမှု CDF-Hakha ပြင်းထန်စွာ ရှုတ်ချ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသလို ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ရွာသူရွာသားတွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း CDF-Hakha က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ၁ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အပစ်ရပ်ကာလနောက်ဆုံးရက်မှာ မိုးကုတ်ကို လေကြောင်းကနေ ပေါင်(၂၅ဝ) ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်ကာလ နောက်ဆုံးရက်မှာ လေကြောင်းကနေ ပေါင်(၂၅ဝ)ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ငါးမျိုးကောင်းရဲဘော်ဆုရ ရဲဘော် ရေလာလေး စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံး

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA (အနောက်မြောက်စစ်ဒေသ) က ငါးမျိုးကောင်းရဲဘော်ဆုရ ရဲဘော်ကိုထက်ဟာ ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာ စစ်ကောင်စီစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ရွပ်ရွပ်ချွံချွံ ဝင်ရောက်တိုက်ခိုက်ရင်း ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။