စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းကို ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ရဲစခန်းအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိနိုင်ကာ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Vote Fighter အဖွဲ့နဲ့ စစ်ကျွန်မခံမြွေဆိုးတစ်သိုက်၊ SBTF ၊ Eagle Defense Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Black Vote Fighter အဖွဲ့အနေနဲ့ စစ်ရေးအရှိန်မြှင့်နိုင်ရေးအတွက် တာဝေးပစ်လက်နက်ကြီးတွေကို ထုတ်လုပ်နိုင်ဖို့ တော်လှန်ပြည်သူတွေ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့စစ်ဆင်ရေး ထိုးစစ်ဆင်လာတဲ့ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံ Lion Battalion Commando ထုတ်ပြန်

ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းလိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းက မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗန်းမော်တွင် ပစ်ချခံရသည့် အကြမ်းဖက်စစ်တပ်၏ Mi17 ရဟတ်ယာဉ်အပျက်အစီးနှင့် ရုပ်အလောင်း ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့  Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်းလေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားတွေတန်းတူ စစ်ရေးလေ့ကျင့်နေကြတဲ့ S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်း လေ့ကျင့်ရေးပုံရိပ်တွေကို အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Read More

သေ့ဘောဘိုးစခန်းဆီ စစ်ကူလာသော အကြမ်းဖက်စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြား ဖမ်းဆီးရမိ (ရုပ်/သံ)

ဝေါ်လေဗျူဟာစခန်းကနေ သေ့ဘောဘိုးစခန်းဆီ စစ်ကူလာတဲ့ အင်အား (၇၀)ပါ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပါအဝင် PDF ဗျူဟာ ၃၂ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ဟုမ္မလင်းမြို့နယ်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်နေတဲ့ စာသင်ကျောင်းကို မီးငြိမ်းသတ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာစာသင်ကျောင်းကို ရှမ်းနီအမျိုးသားတပ်မတော် SNA ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့အတွက် တော်လှန်ရေးရဲဘော်တွေက မီးငြိမ်းသတ်ပေးခဲ့တယ်လို့ Homalin People's Defense Force မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။