မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရှိ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ရဲ  တို့ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ရဲတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်မှုကို  မြင်းခြံခရိုင်၊ အမှတ်(၃) တပ်ရင်းနဲ့ တောင်သာပကဖ တို့က အဓိကပါဝင်ခဲ့ပြီး မြင်းခြံခရိုင်၊ အမှတ် (၃) တပ်ရင်း ဒရုန်းအဖွဲ့နဲ့အတူ နေပြည်‌တော် တပ်ရင်း(၈၀၁)နဲ့ မိုးမခအဖွဲ့တို့မှ ပံ့ပိုးကူညီကာ ဝေဟင်ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

0 Shares:
You May Also Like
Read More

အမ်း နပခ မှာ လက်နက်ချတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ AA ကယ်ထုတ် (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်နှင့် ပေါက်အစပ်ကို စစ်ကော်မရှင် ပါရာမော်တာများဖြင့် ၃ ရက်ဆက် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်ကို စစ်ကော်မရှင်က ပါရာမော်တာတွေနဲ့ ၃ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းထံက သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yae Nagar အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။