ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၂ရက် ညပိုင်းမှာ အသက် (၃၄)နှစ်အရွယ် အမျိုးသားဟာ အရင်က စစ်ကောင်စီတပ်ရဲ့ ခမရ (၅၀၄)တပ်စခန်းအနီး မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နင်းမိုင်းပေါက်ကွဲမှုကြောင့် နင်းမိသူအမျိုးသားရဲ့ လက်နှစ်ဖက်က လက်ချောင်းတွေ ပြတ်ထွက်ခဲ့ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်ကလည်း သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ အမျိုးသား ၁ ယောက် ခြံအတွင်း မြက်ရှင်းနေချိန် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ The Ta’ang Post)
0 Shares:
You May Also Like
Read More

ရခိုင်ဝန်ကြီးချုပ်၏ သမီးဖြစ်သူ NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အလွှတ်ပြပြီး ထောင်ဗူးဝတင် စစ်အုပ်စု က ပြန်လည်ဖမ်းဆီး၊ ထောင်ဗူးဝတင် ပြန်လည်အမှုဆင် ဖမ်းခံရသည့် နိုင်ကျဥ်း ၇၄ ဦးအထိ ရှိ

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဗူးဝတင် ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦး၏ မိသားစုဝင်များကို ခင်ဦး ပကဖ၊ ပအဖ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ရဲဘော် ၃ ယောက်ရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မိုးကုတ်မြို့မှ ပြည်သူအချို့ စိုးရိမ်စိတ်ကြောင့် စွန့်ခွာတိမ်းရှောင်မှုများရှိနေ

သိပ်မကြာခင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ပြန်ဝင်လာဖို့ရှိနေတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့ပေါ်ကနေ ပြည်သူတချို့ စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

ချောင်းဦး ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးခဲ့သည့် သပိတ်လူငယ် ၃ ဦးကို GSCB မှတ်တမ်းတင်ဂုဏ်ပြု

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ရဲဘော်ချမ်းငြိမ်းအောင်၊ ရဲဘော် ညီညီဇော်နဲ့ ရဲဘော်ကံမြင့်လွင်တို့ ကျဆုံးခဲ့တယ်လို့ GSCB နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။