စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်အတွင်း အကြမ်းဖက်စစ်သား ၂ ယောက်သေကာ ၂ ယောက် ထိခုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရစစ်သားတွေကို ဘက်ဆုံခြံဆီ ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ချောင်းဦးမြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝန်းသိုမြို့နယ် ပကဖ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ထုတ်ပြန်ပြသ (ရုပ်/သံ)

ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ က အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်မှာ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ငယ်ကို ပြည်သူလူထူထံ ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ယင်းမာပင် စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၃ ရက်က ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF အဖွဲ့ထံက သိရပါ တယ်။
Read More

မှန်ချိုကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပခုက္ကူတွင် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲနှင့် စစ်သား ၄ ဦးသေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

“ထိတွေ့မှုက ၃ မိနစ်ပဲကြာတယ်။ ပြီးဆုံးချိန်ကတော့ ၁နာရီ ၄၅ မှာ ပြီးတယ်၊ ကျနော်တို့ ဝပ်နေတဲ့နေရာကို သူတို့မွေးထားတဲ့ ခြေလေးချောင်း ခွေး ၂ကောင် ရောက်လာပြီး ဟောင်မယ်လုပ်လို့ စောပစ်လိုက်ရတာ၊ ခွေးသာ မပါရင် အကုန်သေတယ်။ ခွေးက စစ်**တွေကို ကယ်သွားတာ၊ ကျနော်တို့ဘက် ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာရသေးတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး” လို့ ဒေါင်းညီနောင် PKU တာဝန်ခံ ဦးကလားက မောင်းကို ပြောပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့သို့ ပျူစခန်းတွေအတွက် ရိက္ခာလာထုတ်တဲ့ ယာဉ် ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး ယာဉ် ၁ စီးသိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်း၊ ပန်းရံနဲ့ ဇီးကုန်းပျူစခန်းတွေအတွက် ရွှေဘိုမြို့သို့ ရိက္ခာ ထုတ်ပြီး ပြန်လာတဲ့ ယာဉ် ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။