ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အထိုင်ချထားတဲ့ မုက္ခမူနဲ့ ကြံဘိုကုန်းကျေးရွာဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Fire Dragon PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၆ရက်နေ့ မနက်အစောပိုင်းလောက်ကစလို့ မုက္ခမူနဲ့ ကြံဘိုကုန်းရွာက စစ်တပ်အထိုင်စခန်းတွေကို တော်လှန်ရေးတပ်တွေဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
အထက်ပါ မုက္ခမူနဲ့ ကြံဘိုကုန်းရွာအထိုင် စစ်အုပ်စုတွေဟာ ညောင်လေးပင်- ရွှေကျင်ကားလမ်းပေါ် အထိုင်ချရင်း လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေဆီက ငွေညှစ်တာ၊ ငွေကြေးကောက်ခံတာတွေအပြင် လူငယ်တွေကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။
အထက်ပါစစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်ချေမှုန်းနိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ဗိုလ် ၁ယောက်နဲ့ ပျူစောထီး ၂ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၅ယောက်ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဂိတ်စခန်းတွေကို PDF (၃၇၀၃)တပ်ရင်း (မီးနဂါးများ)နဲ့အတူ တောကျီးကန်း၇ကောင်စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrion Drone Team၊ (၁၈၀၅) Drone Teamတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း Fire Dragon PDF ကထုတ်ပြန်ထားပါတယ်။
ပုံစာ- Fire Dragon PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ဝေါလေလမ်းပိုင်းမှာရှိတဲ့ ရွှေအေးမြိုင် ဘုရားကုန်းက အကြမ်းဖက်စစ်တပ် ကာကင်းစခန်းက စစ်သား ၁၆ဦးလတ်နတ်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာ

ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတခုလုံးက စစ်သားတွေ KTLA စစ်ကြောင်းဆီကို လက်နတ်ချအလင်းဝင်ရောက်ခဲ့တယ်လို့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်၏‌‌ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်မှ (၅) ဦး သေပြီး ထောက်ပို့ယာဉ် (၂) စီးပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်ရာ ထောက်ပို့ယာဉ် (၂) စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး ခဲယမ်းအချို့ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဆီမီးခုံနယ်မြေ ရဲစခန်းက ရဲတပ်သား ၁ ယောက်က မိသားစုနဲ့အတူ ခဲယမ်းအချို့ ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ် ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊  ဘုရားတံတိုင်းနှင့် အဆောက်အအုံများ ပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။