စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
စစ်ဌာနချုပ်အတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူးမျိုးမင်းထွေး အိမ်ယာဝန်း ၊ အရာရှိကြီးနေအိမ် ၇ လုံး တန်းဝန်း ၊ ငွေစာရင်းရုံး အနီး၊ စစ်ရေးပြ (ပရိတ်) ကွင်း၊ ဇေယျာသီရိခန်းမအနီး၊ ရိက္ခာဖြန့်ဝေဌာန အနီး၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသိုလှောင်ရုံအနီး ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ (105 mm M2A1 Howitzer) ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ်၊ Nora B-52 155mm ယာဥ်တင် အမြှောက်ကြီးထားရာ မော်တော်ယာဥ်ရုံ အနီး၊ စစ်သည်နေအိမ် (၆ ခန်းတွဲ) ၊ အဆရ-၁၂ (အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင်၊ မဆရ-၇(စစ်မြေပြင်ဆေးတပ်ရင်း) စစ်သည် လူပျိုဆောင် ၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင် ၊ ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း) ဆန်ပဲ ဂိုဒေါင်နဲ့ နမခတပ်နယ် မြောက်ဘက် ၁၂၀မမ (MK-6,MK-II) အထိုင်ကာကင်းစခန်းအနီးကို ရှော့တိုက်ရော့ကတ်တွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အဆရ-၁၂ ဗိုလ်ကြီး ၁ ယောက်အပါအဝင် တပ်သား ၆ ယောက်နဲ့ တိုင်း စစ်ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ (PSO) ဗိုလ်ကြီးကောင်းခန့်ဇော်၊ တပ်ကြပ်ကြီးအပါအဝင် ၅ ယောက် စုစုပေါင်း ၁၁ ယောက်သေပြီး မီးလောင်ဒဏ်ရာရရှိသူနဲ့ အခြားဒဏ်ရာရရှိသူတွေကို သံပြားကာ ယာဉ်ဖြင့် တပ်မတော်ဆေးရုံ တဆ အမှတ် ၄/၃၀၀ ဆေးရုံနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးတို့ကို ပို့ဆောင် ခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံအရောက် ဒဏ်ရာပြင်းထန်တဲ့ စစ်သား ၄ ယောက်ထပ်မံသေဆုံးခဲ့ တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကိုချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) ဦး ဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော Anonymous Heroes၊ ချိုမိုင်မိုင်(ကနီ) ၊ Advance-47 ၊ Chindwin Brothers ၊ ဗိုလ်မုတ်ဆိတ်တို့ ပူးပေါင်းကာ “ရမခ စစ်ရှုံးပြေး ၊နမခရောက် အရှုံးသမား တိုင်းမှူး ဝက်ဘီလူး မျိုးမင်းထွေးအား ဧည့်ခံကြိုဆို” စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နတ်အိမ်တောင် စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေ၊ အများအပြားဒဏ်ရာရကာ ပြန်ဆုတ်သွား (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့ နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးခဲ့တယ်လို့ Kanbauk Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစစ်တပ်ကို အရေးယူမှု မလုပ်နိုင်မချင်း ရက်စက်ကြမ်းကြုတ်မှုသံသရာ ဆက်လက်ဖြစ်ပွားနေမယ်လို့ သတိပေး (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီကို အရေးယူမှု တစ်စုံတစ်ရာ မလုပ်နိုင်သေးသရွေ့ ရက်စက်ကြမ်းကြုတ်မှု သံသရာ လည်ပတ်နေဦးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က သတိပေး ပြောကြားလိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ် လေယာဉ်ကွင်းတွင် ကင်းပတ်နေသည့် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လေယာဉ်ကွင်းမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ Yesagyo Revolution Group -2 က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်အနီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၃)ယောက်သေဆုံးပြီး (၁၂) ယောက်ခန့် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ငလျင်ဘေးအတွက် အလှူခံနေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ဧပြီ ၁ ရက် နံနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံ နေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။